MY NOTE

နတ္ထိရဲ့ ဗရုတ်သုတ်ခ-၁၀

ပြောမယ့်သာ ပြောရတယ်။ ဗရုတ်သုတ်ခတွေက ၁၀-ချက် မကဘူး။ ဒါပေမယ့် အကျဉ်းချုံးပြီး ပြောကြည့်မယ်ဗျာ။ ဗဟိဒ္ဗအသွင်အပြင်တွေကို ပြောတာထက် အဇ္ဈှတ္တ အနေအထားတွေကို ပြောရင် ကောင်းမလားလို့….။

(၁) လောဘဇောတွေ တစ်ခါတစ်ရံ အရမ်း တက်တတ်ပါတယ်။
(၂) ဒေါသအမျက်ကတော့ အကြောင်းသင့်ရင် အကြီးအကျယ်ပါပဲ။
(၃) မောဟစားသူ..အဲ မောဟများသူပါ။
(၄) မာနလဲ ကြုံရင် အတော် ကြီးတတ်တယ်။
(၅) ဒိဋ္ဌိအစွဲပြင်းတယ်။
(၆) ၀ိစိကိစ္ဆာတွေ ၀င်ပြီး ဟိုလိုဒီလို ဖြစ်လေ့ရှိတယ်။
(၇) ထိနမိဒ္ဗကတော့ များသလား မမေးနဲ့။
(၈) ဥဒ္ဓစ္စလွင့်ပျံ့ပြီး တောင်စဉ်ရေမရ ဖြစ်တတ်တယ်။
(၉) အဟိရိကဖြစ်တဲ့အခါ မဟုတ်တာ လုပ်ရမှာ မရှက်တတ်ပါ။
(၁၀) အနောတ္တပ္ပဖြစ်ရင် မဟုတ်တာ လုပ်ရမှာ မကြောက်သူ တစ်ယောက်ပါ။

စိတ်ထဲမှာ အဲ့ဒီလို အဲ့ဒီလို ဖြစ်တတ်တယ်။ ဒီ ၁၀-ချက် တိုးပွားးလာရင်တော့ ၁၅၀၀-ကိလေသာတွေ ဖြစ်လာတော့တာပါပဲ။ အင်း…ဖြစ်ချင်တာဖြစ်။ ကိုယ်ဖြစ် ကိုယ်ခံပေါ့ဗျာ…။

ကဲ… Bloggerတွေမှာ Tag outbreak ဖြစ်အောင် လုပ်တဲ့သူတွေကို အထူး ကျေးဇူးတင် မိပါတယ်။ ကိုယ့်ကို Tag Game ထဲ ဆွဲသွင်းသူတွေကိုလဲ ကျေးဇူးကမ္ဘာပါပဲ။ ကိုယ့်အလှည့် ပြီးတော့ တခြားသူတွေကိုလဲ လက်တို့ရဦးမယ်။ ဘာပဲပြောပြော လူရင်းတွေကိုပဲ ပြောလိုက်တော့မယ်။
(၁) သမိန်ပေါသွပ်
(၂) ပြာလောင်
(၃) Mr. Bean
အင်း…ဒီလူတွေ အိုကေမယ်လို့ မျှော်လင့်တယ်ဗျာ။

0 Comments

  • Mayvelous

    Tag post tway lite fat tal a htal mhar, di post ka a khat khal sone pal.
    #6 – #10 ta khu mha narr ma lal lite buu. Narr lal fo wayy swa, a tan tong kg kg ma htwet tat buu.
    hmm…interesting tag post from you.

  • ညလေး

    ဦးနတ်ရေ တော်တယ်ဗျာ ပါဠိလိုရအောင် တက်တယ် 🙂

  • Natthi

    Mayvelous…Some words are actually and generally used as a Myanmar term even though these are Pali terms. I have no idea to make my posts unreadable. Sorry for silly words I used.

  • MyTH59

    ကိုနတ္ထိရေ။ အစ်ကိုပြောသွားတဲ့ ၁၀ ချက်ကို အခေါ်အဝေါ် တစ်မျိုးရှိတယ်မှတ်ပါတယ်။ နည်းနည်းလောက် ရှင်းပြပေးပါလားခင်ဗျာ။ အကုသိုလ် ၁၀ ပါးတော့ မဟုတ်တာ သေချာပါတယ်။

  • Natthi

    ကိုမျက်လုံး… ကိလေသာ ၁၀-ပါးကို အခြေခံပြီး ရေးထားတာပါဗျာ။ ၁၅၀၀ ကိလေသာ ပွားပုံက ဒီလိုပါ။ နာမ်(၅၃)+ နိပ္ဖန္နရုပ်(၁၈)+လက္ခဏရုပ်(၄)= ၇၅ ။ ဒါကို သန္တာန်(၂)နဲ့ မြှောက်= ၁၅၀ ။ ကိလေသာ(၁၀)နဲ့ ထပ်မြှောက်=၁၅၀၀ ။ ဗုဒ္ဓအဘိဓမ္မာအရပေါ့။
    ကိုမျက်လုံးပြောတဲ့ အကုသိုလ် ၁၀ပါးဆိုတာ “ပါဏာတိပါတ အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ မုသာဝါဒ ဖရုသ၀ါစ ပိသုဏ၀ါစ သမ္ပပ္ဖလာပ အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိ”ဆိုတဲ့ အကုသလကမ္မပထ(၁၀)ပါးလို့ ထင်တယ်။

  • MyTH59

    ကိုနတ္ထိရေ၊ ခုလိုရှင်းပြပေးတာ ကျေးဇူးပဲနော်။

  • Natthi

    ကိုမျက်လုံး…ဟိုစပ်စပ် ဒီစပ်စပ်ကတော့ ရပါတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *