Music,  Myanmar Song,  Pāḷi,  Photo,  Quote,  Translation

မင်းကိုနိုင်-မျက်ရည်စိုဝတ်စုံ (ပါဠိ)

မျက်ရည်များနဲ့ ခံစားဖြစ်တယ်။ သီချင်းတစ်ပုဒ်ကိုပါ။ သူ့အချိန်နဲ့သူ အဓိပ္ပါယ်ရှိနေမယ့် ဝေါဟာရတွေကို သူ့အချိန်နဲ့သူ ခံစားမိပါတယ်။ ဒီရက်ပိုင်းမှာ  သတိတရ ခံစားမိတာကာ ရွှေဝါရောင်ယဉ်ကျေးမှုဟာ လိုအပ်တဲ့အခါ သွေးနီရောင် သမ်းလာတတ်တဲ့ ပေါက်ကွဲမှုကိုပါ။ မှတ်မှတ်ရရ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်ပါတယ်။ မင်းကိုနိုင် ရေးစပ်ပြီး ခင်မောင်တိုး သီဆိုထားတဲ့ “မျက်ရည်စိုဝတ်စုံ”ပါ (https://www.facebook.com/watch/?v=745569992963366&extid=2hVN0b2AVq8fUu44)

ဧကော ဧကာယ အညမညံ ပမောဒတ္ထာယ

ယံ ဝါ တံ ဝါ ကတ္တုကာမာ

တွမဟံ စိန္တိတကာလေ

ဧကေကာ ဇာနိတကာလေ

အဘိလာသရေဏဟတမှိ ဩလောကနကာလေ

အဟော… ကာဠမေဃ၀ုဋ္ဌိ

.

အဿုတိန္တ၀တ္ထာနိ ဧကေကာ

ဧကတော ပရိဒဟိတွာ အပက္ကမော

ကာလော ဥပဂတော

အနုဿရဏေန ဣတရေတရံ ပရိ၀တ္တိတုံ

ပီဠာယော၀ သန္တိ၊ ယဒိ အာဒါတုံ ဒါတုံ သက္ကောတိ

.

သုခုမမာယာင်္ဂုလိနစ္စမှိ

အဘိရမ​န္တော သမေက္ခန္တော

သတ္ထကော ဝိယ ကောသတော နိက္ခ​န္တော

စဏ္ဍကမ္မာနံ ယုဒ္ဓါကာရာ

ပဂ္ဃရိတလောဟိတာ ဧကေကာ ဟိံသိ​တော

သဝိမှ​ယော

မျက်ရည်စိုဝတ်စုံ

ဆို- ခင်မောင်တိုး။ ရေး- မင်းကိုနိုင်

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စိတ်ချမ်းမြေ့ရန်

ရှာကြံလုပ်ပေးတော့မယ်လို့

မင်းနဲ့ကိုယ် စိတ်ကူးတတ်ချိန်

ကိုယ်စီအသိနဲ့ နားလည်ချိန်

လွမ်းငွေ့တို့ မှုံရာ မော်ကြည့်တဲ့အခါ

သြော်… မိုးတွေ ညိုလို့

.

မျက်ရည်စိုစို ဝတ်စုံတွေ ကိုယ်စီ

အတူ ဆင်မြန်းပြီး ခွဲရမယ့်

အချိန်အခါကို ရောက်ပြီ

အမှတ်တရ အပြန်အလှန် လဲလှယ်ရန်

နာကျင်မှုများပဲရှိတယ် ယူရဲပေးရဲရင်

.

နူးညံ့တဲ့မာယာ လက်ချောင်းအကမှာ သာယာငေးမောနေတုန်း

ဓားတစ်စင်းလို ဓါးအိမ်က ထွက်လာ…..

ကံကြမ္မာရိုင်းရဲ့ သိုင်းကွက်များ

သွေးစက်စက်ဒဏ်ရာ ကိုယ်စီ ထိခိုက်နာ အံ့အားသင့်နေတုန်း

Leave a Reply

Your email address will not be published. Required fields are marked *