Myanmar Poem,  Pāḷi,  Poetry,  Translation

မောင်ဒီ-အောင်ပွဲ (ပါဠိ)

ကဗျာတစ်ပုဒ်ကို နားနဲ့ ဆတ်ဆတ် ကြားဖူးပြီးရင်… ကဗျာတစ်ပုဒ်ကို မျက်ဝါး ထင်ထင် မြင်ဖူးပြီးရင် ဒီကဗျာတစ်ပုဒ်ဟာ ရင်ဘတ်ထဲ ရောက်ဖူးနေပါပြီ။ ဒီနေ့တော့ ကိုယ်တိုင် ကြားဖူး မြင်ဖူးတဲ့ လတ်လတ်ဆတ်ဆတ် ကဗျာတစ်ပုဒ်နဲ့ နှစ်ပါးသွားရင်း ပါဠိဘာသာပြန်ဖြစ်တယ်။ ဆရာဒီရဲ့ အောင်ပွဲပါ…။

သန္တိ နာမ

န စေဝ ဇယော

န စ ပရာဇယော

ပဥှာ ပန

ဧကသင်္ချာ ဝိယ

သမီကာရေဟိ ပဒါပဒေန

ဧကာယ ဧကာ

ဝိဿဇ္ဇိတာ

ပရိယောသာနကာလေ

ဝိပါကော နာမ ဝိဇယော

သေသော ဟိ သုညောယေဝ

အောင်ပွဲ (မောင်ဒီ)

+++===+++

ငြိမ်းချမ်းရေးဆိုတာ

အနိုင်ယူခြင်းမဟုတ်သလို

အရှုံးပေးခြင်းလည်း မဟုတ်။

ပြဿနာဆိုတာ

သင်္ချာတပုဒ်ပမာ

ညီမျှခြင်းတွေ အဆင့်ဆင့်နဲ့

တဆင့်ပြီးတဆင့်

ဖြေရှင်းကြရတာ။

ပြီးမြောက်သွားတဲ့အခါ

ရလာဒ်မှာ အောင်ပွဲဖြစ်၍

အကြွင်းက သုညသာ။ ။

Leave a Reply

Your email address will not be published. Required fields are marked *