Music,  Myanmar Song,  Pāḷi,  Photo,  Translation

ငြိမ်းချမ်းခြင်းတေးသံ (ပါဠိ)

love in peace

၁၃၈၁ခု မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။

မြင့်မိုးအောင် ရေးဖွဲ့ပြီး နေနေနဲ့ ချန်းချန်းတို့ သီဆိုထားတဲ့ “ငြိမ်းချမ်းခြင်းတေးသံ”ပါ။

မြန်မာပြည်သူပြည်သား ကမ္ဘာပြည်သူပြည်သားအပေါင်း အတွင်းအပ အပူမီးအပေါင်းကို ငြှိမ်းသတ်နိုင်ကြပြီး ငြိမ်းချမ်းခြင်းတေးသံကို နားဆင်နိုင်ပါစေကြောင်း ဆုမွန်တောင်းရပါတယ်။

ဒီသီချင်းဟာ ပုဂံ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းတဲ့အခါ ပါဝင်ရတဲ့ ဗီဒီယိုဖိုင်က အဖွင့်သီချင်းဖြစ်ပါတယ်။ သီချင်းနဲ့ ပတ်သက်ပြီး ဆရာမျိုးဆွေသန်းရဲ့ ရှင်းလင်းပြောကြားချက်နဲ့အတူ ဒီလင့်ခ်မှာ ကြည့်ရှုခံစားနိုင်ပါတယ် >>> https://www.facebook.com/DESIGN.MST/videos/1743865462358875/

ဓာတ်ပုံကိုတော့ အေဒီ ၁၂ရာစု ပုဂံ လောကထိပ်ပန်စေတီ ဗုဒ္ဓ၀င်ရှစ်ခန်း နံရံပန်းချီများမှ နာဠာဂီရိဆင်ကို အောင်တော်မူခန်းကို ရန်ကုန် Junction City နှလုံးသားထဲက ပုဂံ www.fb.com/MyanmarHeritageBagan/ ပြပွဲမှာ ပြသထားတုန်းက ရိုက်ကူးထားတာလေးပါ။ မြတ်ဗုဒ္ဓရဲ့ ချစ်မြတ်နိုးခြင်းမုဒြာဟာ လောကကို ငြိမ်းအေးစေကြောင်း အမှတ်အသားကောင်းတစ်ခု ဖြစ်ပါစေလို့ မျှော်လင့်ရင်းနဲ့ပါ။

နေနေနဲ့ ချန်းချန်းတို့ သီဆိုထားတဲ့ “ငြိမ်းချမ်းခြင်းတေးသံ”ပါ။

 

သကုဏသုဝါ ကူဇယန္တာ

နာနာဝဏ္ဏမာလာ သုဂန္ဓာ

အဘိန၀ပုဗ္ဗဏှေ သွာဂတေ

 

အမှာကံ ဟဒယေသု

သုပိနာ ဇီဝန္တာ ပဗုဇ္ဈန္တာ

လောကသောတံ မာပေဟိ

 

သန္တိဒိဝသာ

ဧကတော မယံ မာပေမ

အနုဂစ္ဆ

 

ဝါတေ ပက္ခန္ဒန္တံ ၀ါယန္တံ ဂီတံ

ဟဒယေ သုတံ ဂီတံ

(သန္တိဂီတံ)

 

ပရိပုဏ္ဏာနန္ဒာဘိရတိ

သုဏ သန္တိဂီတံ

 

သူရိယာလောကတော အတိပဇ္ဇောတာ

အနေက၀ိဟာရပေါက္ခရဏိစေတိယာ

သမုပ္ပန္နံ ဣဒံ သာသနံ

 

သဒါစာရာ အနုသုခုမာ

သိရိသောဘဂ္ဂါ

ပတိဋ္ဌာ သဒါ

 

သန္တိဒိဝသာ

ဧကတော မယံ မာပေမ

အနုဂစ္ဆ

 

ဝါတေ ပက္ခန္ဒန္တံ ၀ါယန္တံ ဂီတံ

ဟဒယေ သုတံ ဂီတံ

(သန္တိဂီတံ)

 

ပရိပုဏ္ဏာနန္ဒာဘိရတိ

သုဏ သန္တိဂီတံ

 

ငြိမ်းချမ်းခြင်းတေးသံ (ဆို – နေနေ၊ ချန်းချန်း)

ငှက်ကျေးတို့က သီချင်းဆို

ပန်းရောင်စုံတွေ မွှေးကာ

မနက်ခင်းသစ်ကို ကြိုတဲ့အခါ

 

တို့နှလုံးသားများထဲမှာ

အိပ်မက်တွေ ရှင်သန်နိုးလာ

ကမ္ဘာကြီးနားကို ဖန်ဆင်းပါ

 

ငြိမ်းချမ်းခြင်းရဲ့ နေ့များ

အတူ တို့ဖန်ဆင်းမယ်

လိုက်ခဲ့ပါ

 

လေမှာ ပျံဝဲလွင့်နေ တေးသံ

နှလုံးသားထဲ ကြားနေတဲ့ တေးသံ


 

ပျော်ရွှင်ကြည်နူးခြင်းတွေ ပြည့်လျှံ

နားစွင့်လိုက် ငြိမ်းချမ်းခြင်းတေးသံ

 

နေမင်းအလင်းထက် ၀င်းဝါ

ကျောင်းကန်စေတီများစွာ

ပေါ်ထွန်းခဲ့ပြီ ဒီသာသနာ

 

ယဉ်ကျေးမှု အနုလက်ရာ

ခံ့ထည်ဂန္ထ၀င်မြောက်စွာ

တည်တံ့သွားမယ် ထာဝရပါ

 

ငြိမ်းချမ်းခြင်းရဲ့ နေ့များ

အတူ တို့ဖန်ဆင်းမယ်

လိုက်ခဲ့ပါ

 

လေမှာ ပျံဝဲလွင့်နေ တေးသံ

နှလုံးသားထဲ ကြားနေတဲ့ တေးသံ


 

ပျော်ရွှင်ကြည်နူးခြင်းတွေ ပြည့်လျှံ

နားစွင့်လိုက် ငြိမ်းချမ်းခြင်းတေးသံ