Memo,  Myanmar Poem,  Pāḷi,  Poetry,  Translation

မောင်အောင်ပွင့်-မြစ်ဆိပ် (ပါဠိ)

ကဗ်ာဆိုတာ ဘာလဲ။ ဘယ္သူ သိမလဲ။ အဖွဲ့အသီ အဆက်အစပ် အရေးအသား အသုံးအနှုံးတွေနဲ့ အပြုအမူ အလုံးအထည် အရောင်အဆင်း အရိပ်အငွေ့တွေကို ပေါ်လွင်စေဖို့ ဖန်တီးရတာမျိုးပါ။ ဒါတွေကို နားလည်ဖို့ထက် ဒါမျိုးတွေ ဖန်တီးနိုင်စွမ်းရည်ကို အလေးအမြတ် ခံစားနိုင်ဖို့ လိုမှာပါ။ ဒီနေ့တော့ အမှတ်တရ ကဗျာတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ် Onlineပေါ်မှာ ကဗျာက version ၂မျိုး ဖြစ်နေတာမို့ ၂မျိုးလုံး ဘာသာပြန်ကြည့်မိတယ်။ မောင်အောင်ပွင့်ရဲ့ “မြစ်ဆိပ်”ပါ။ ကဗျာဆရာတစ်ယောက် “ပါရင်္ဂတ” တဖက်ကမ်းကို အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးမိပါတယ်။

ဂေါဏာ ပန
တဿ ဥပရိပဒံ အက္ကမန္တာ
အဟံ ဂေါဏာနံ ဥပရိပါဒပဒါနိ အက္ကမန္တော
ဂေါဏာပိ မေ ပဒံ ပုန အက္ကမန္တာ

တဒဟုမဇ္ဈနှိကေ
ရဇာကိဏ္ဏာ
နဒီတီရံ ဩတရန္တာ
မနုေဿာ နု ခေါ ပုဗ္ဗင်္ဂမော
ဂေါဏာ နု ခေါ ပုဗ္ဗင်္ဂမာ…

ပတောဒံ နိဿာယ
ပဋိက္ကမန္တော ပစ္ဆတော
ဥပရိတီရေ တဿ ပဋိရူပံ
အဝိသဒံ ဟိတွာ ပဘာသယံ
ဇိဏ္ဏဘာဝေါ သီဃတရော…။

တခင်္ဏေ
သောပိ
ဂေါဏာ ဝိယ
ပါနိံ ပိဝတိယေဝ…။

===+++===

နွား တွေက
သူ့ ခြေရာပေါ် နင်း
ငါက နွားခြေရာတွေပေါ် တက်နင်း
နွားတွေက ငါ့ခြေရာကို ပြန်နင်းတက်

အဲဒီ နေ့ခင်းက
ဖုန်တထောင်းထောင်းထဲ
မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတာ
လူက ဦးဆောင်တာလား
နွားတွေက ဦးဆောင်တာလား …။

နှင်တံကို ထောက်မှီလို့
နောက်ရို့ရပ်ကျန်ခဲ့တဲ့
ကမ်းပေါ်က သူ့ရုပ်ပုံ
မှုန်ဝါးရာက လင်းလာတော့
အိုမင်းပုံ မြန်ဆန်လိုက်တာ …။

ခဏနေတော့
သူလည်း
နွားတွေလို
ရေဆင်းသောက်တော့တာပါပဲ … ။

===+++===

တဒဟုမဇ္ဈနှိကေ
အဟံ ဂေါဏာနံ ဥပရိပါဒပဒါနိ အက္ကမန္တော
ဂေါဏာပိ မေ ပဒံ ပုန အက္ကမန္တာ
နဒီတီရံ ဩတရန္တာ

မနုေဿာ နု ခေါ ပုဗ္ဗင်္ဂမော
ဂေါဏာ နု ခေါ ပုဗ္ဗင်္ဂမာ…

ပဋိက္ကမန္တော ပစ္ဆတော
ဥပရိပထေ
မေ ပဋိရူပံ
အဝိသဒံ ဟိတွာ ပဘာသယံ
ဇိဏ္ဏတ္တံ သီဃတရံ.။

အန္တေ အဟမ္ပိ
ပိပါသိတော
ဂေါဏာ ဝိယ
ပါနိံ ပိဝါမိယေဝ…။

+++===+++

အဲဒီနေ့ ခင်းက
ငါက နွားခြေရာတွေပေါ် တက်နင်း
နွားတွေက ငါ့ခြေရာကို ပြန်နင်းတက်
မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတာ… ။

နွားတွေက ဦးဆောင်နေတာလား…
လူတွေက ဦးဆောင်နေတာလား… ။

နှင်တံကို ထောက်မီလို့
နောက်ယို့ပြီး ကျန်ခဲ့တာ
လမ်းပေါ်က
င့ါ… ရုပ်ပုံ
မှုန်ရာက လင်းလာတော့
အိုမင်းဖို့မြန်ဆန်လိုက်တာ… ။

နောက်ဆုံးတော့ ငါလည်း
ငတ်ငတ်နဲ့
နွားတွေလို
ရေဆင်းသောက်တာပါပဲ… ။ ။

Leave a Reply

Your email address will not be published. Required fields are marked *