Memo,  Music,  Myanmar Song,  Pāḷi,  Photo,  Translation

နဒီမင်္ဂလာ (ပါဠိ)

သံစဉ်တွေရဲ့ နောက်ကွယ်မှာ ဘာတွေများ ရှိနေမလဲ။ အဆိုအတီးတွေ ဖန်တီးမှုအပေါ် ဘာတွေများ လွှမ်းမိုးမှု ရှိနေမလဲ။ ဝေဒနာတွေများလား။ မာယာတွေလား။ သစ္စာတွေလား။ ပကာသနတွေလား။ သဘာဝတွေလား။ ဘာတွေ ရှိနေ ရှိနေ၊ တေးရေးသူတွေရဲ့ ရင်ခုန်သံတွေ ကြားရဖို့ သံစဉ်တွေကို ခံစားကြည့်ရမှာပါ။ ဒီတခါတော့ အမှတ်တရ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ (၁၂ ဇူလိုင်မှာ ဘာသာပြန်ထားတာ။ ခုမှ ဘလော့ပေါ် တင်ဖြစ်တယ်။)  “နဒီမင်္ဂလာ”ပါ။ ကိုရဲလွင် ရေးဖွဲ့ပါတယ်။

ပုဗ္ဗဏှေ ယာ၀ ဟိမာယ အဝိဂတသမယာ
သူရိယရံသီ ပုရတ္ထိမေ ဥဂ္ဂတာ
အဝိပသန္နာနိ အန္ဓကာရေ ဇဟတု
အစိရံ ပစ္စူသကာလေ ပဗုဇ္ဈိဿာမိ

အာကာသေ ပက္ခန္ဒာ သကုဏာ
ကတ္ထ ဩတိဏ္ဏာ ခဏိကံ နိလီယေယျုံ
နဒိမင်္ဂလေ ဂမနပထတီရေ
မန္ဒဝါတေ ဝါယန္တေ မာလာဂန္ဓာ ပဝါယန္တိ

ပါရတီရေ ဓမ္မဒေသနာ
အရုဏဿ ဥပသန္တိ နူန
မေ တတ္တဟဒယံ
ပဋိစ္ဆာဒေန္တော သမဿာသေမိ

နိယမိတမဂ္ဂန္တေ အနုပဂတေ
ပိယာယ ဒုတိယိကာယ ဝိနာ
လဒ္ဓိယာသု ဝိနာဿေတွာ အဝိဂတေသု
ဣမသ္မိံ ဟဒယေ တယာ နိစ္စံ အဘိဘဝိတံ

ပါရတီရေ ဓမ္မဒေသနာ
အရုဏဿ ဥပသန္တိ နူန
မေ တတ္တဟဒယံ

ပဋိစ္ဆာဒေန္တော သမဿာသေမိ
ပဋိစ္ဆာဒေန္တော သမဿာသေမိ
ပဋိစ္ဆာဒေန္တော သမဿာသေမိ

နဒီမင်္ဂလာ (ရေး – ရဲလွင်)

နံနက်ခင်း ဆီးနှင်းတို့အဝေးမလွှင့်မီ

နေရောင်ခြည် အရှေ့အရပ်က အကြိုဆိုက်ပြီ

မကြည်လင်တာတွေ မှောင်ရိပ်ထဲ သိပ်ခဲ့ကွယ်

မကြာခင်ဆိုရင် မိုးလင်းနိုးထတော့မယ်

ဝေဟင်ပေါ် ပျံသန်းတဲ့ငှက်ကလေးတွေ

ဘယ်ဆီမှာ ဆင်းသက်တစ်ထောက် ခိုနားမယ်

နဒီမင်္ဂလာ ခြေသွားလမ်း ကမ်းတစ်ဖက်မှာ

လေပြေအလာ ပန်းရနံ့တို့ သင်းပျံ့နေ

ဟိုတစ်ဖက်ကမ်းက တရားဒေသနာ

အာရုံဦးရဲ့ ငြိမ်းချမ်းမှုလေလား

ပူလောင်ကျွမ်းတဲ့ နှလုံးသား ကိုယ့်အသည်းကို

ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ

ရည်ရွယ်ရာ ခရီးလမ်းဆုံး မရောက်သေးမီ

ကြင်နာသူ တွဲလက်ဖျက် အဖော်မဲ့ပြီ

ယုံကြည်ရာတွေ ပျောက်ဆုံးလို့ ဝေးမသွားခင်

ဒီရင်ခွင်မှာ မင်းအမြဲတိုး စိုးမိုးနေ

ဟိုတစ်ဖက်ကမ်းက တရားဒေသနာ

အာရုံဦးရဲ့ ငြိမ်းချမ်းမှုလေလား

ပူလောင်ကျွမ်းတဲ့ နှလုံးသား ကိုယ့်အသည်းကို

ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ …