Memo,  Music,  Myanmar Song,  Pāḷi,  Photo,  Translation

မဒီ-ဒဏ္ဍာရီ (ပါဠိ)

နတ္ထိblog ၁၁နှစ်ပြည့် အမှတ်တရ

လုံးကြီး မတင်ဘဲ ဆန်ခတ်လို့ မရဘူးဆိုပဲ။ က ကာ ကိ ကီ ခ ခါ ခိ ခီ…။ သင်ပုန်းကြီးဒဿနတွေထဲက တစ်စိတ်တစ်ပိုင်းပါ။ အဆန်ချောင်တတ်တဲ့ လောကသဘာဝကို နားမလည်တာဟာ homeworkလုပ်ဖို့ မေ့နေလို့ဖြစ်မှာပါ။

အညာနွေ မပူ့တပူအချိန်လေးမှာ အိမ်စာတွေ လုပ်ရင်းနဲ့ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ်။ ဒဏ္ဍာရီတဲ့။ ဇဏ်ခီ ရေးဖွဲ့ပြီး မဒီ သီဆိုထားတာပါ။ (https://web.facebook.com/centralbase.myanmar/videos/1903220976602514/)

အာလောကာတ္ထင်္ဂတမတ္တေ

တာရကာ ဥဂ္ဂတာ

ယာဝ လောကော အန္ဓကာရေန ဩနဒ္ဓေါ

တာရကာလောကေဟိ ဩသိတ္တကာလေ

လောကော ပုန ဧကက္ခတ္တုံ ဇီဝံ ပစ္စာဂတော

မေ ခုဒ္ဒဝိဉာဏံ ရောဒိတံ ကန္ဒိတံ

ဩဘာသော ဝိယ အန္ဓကာရံ ဝိနောဒယံ

ဝဏေ ဝိသောဓယံ တွံ

မေ ခုဒ္ဒဝိညာဏံ ဧကက္ခတ္တုံ ဇီဝံ ပစ္စာဂတံ

တဝ ဝိသိဋ္ဌံ အက္ခိယုဂလံ

အတီတဘဝေ နု ခေါ သန္နိဝါသော

ဒူရတော ဃဏ္ဍာဘိဃတသဒ္ဒေါ

ဒေဝဋ္ဌာနတော နု ခေါ ပက္ကောသနာ

ပုရတ္ထိမာနံ ပဗ္ဗတာနံ ပစ္ဆတော

သဉ္ဇာလောကေန အရုဏေန အာကာသော

ခုဒ္ဒတာရာကာနံ နိဒ္ဒါကာလေ

သကုဏာ နိကူဇမာနာ ပက္ခန္တာ ပမောဒမာနာ

တဝ ဝလာဟကံ ဝါတမှိ ဥပ္လဝန္တံ ပက္ခန္တံ

အဇီဝကာ ပထဝီ ပဗုဒ္ဓါ စာလိတာ

နိဇ္ဈရာနံ ဥပရိ ဣန္ဒဓနု ဝိယ

အမှာကံ ဒိဝသေသု ဌိတာ သောဘာ

ပစ္ဆိမဒိသာယ အတ္ထင်္ဂတသူရိယဿ သုရူပတာ

တဝ ဥရန္တရေ နိဝုဋ္ဌော ဩလောကေန္တော

သုဝဏ္ဏရံသီဟိ ဩသိတ္တကာလေ

လောကော ပုန ဧကက္ခတ္တုံ ဇီဝံ ပစ္စာဂတော

နက္ခတ္တသမူဟော အာကာသေ

သူရိယစန္ဒိမတာရကာဟိ သန္နိပါတာ

ဒူရတော ဃဏ္ဍာဘိဃတသဒ္ဒေါ

ပုရတ္ထိမဒေဝတာ ပမောဒိတာ

ဒဏ္ဍာရီ (ဆို – မဒီ။ ရေး – ဇဏ်ခီ)

+++

အလင်းပျောက်ချိန်အမှီ

ကြယ်လေးများ ထွက်လာကာ

လောကကို အမှောင်ထုဖုံးမသွားခင်မှာ

ကြယ်အလင်းတွေ ဖြန်းပက်တဲ့အခါ

လောကဟာ တစ်ဖန် ပြန်ပြီးတစ်ခေါက် အသက်ဝင်သွား

ငါ့ရဲ့ဝိညာဉ်ငယ် ငိုကြွေးလို့ ရှိုက်ချိန်မှာ

အလင်းတစ်ခုလို အမှောင်ကို ခွင်းရောက်လာကာ

ဒဏ်ရာများကို မင်းဆေးကြောကာ

ငါ့ရဲ့ဝိညာဉ်ငယ် ပြန်ပြီးတစ်ခေါက် အသက်ဝင်သွား

ထူးဆန်းတဲ့/စူးရှတဲ့  မင်းမျက်ဝန်းတစ်စုံ

အတိတ်ဘဝမှာ ဆုံခဲ့ဖူးသလား

အဝေးကလာတဲ့ ခေါင်းလောင်းထိုးသံ

ရှေးဘုရားကျောင်းက ခေါ်သံလား

အရှေ့ရပ်မှာနေတဲ့ တောင်တန်းများ နောက်ဆီက

အလင်းပျိုးလာတဲ့ အရုဏ်ဦး ကောင်းကင်ရယ်

ကြယ်လေးတွေ မှေးစက်တဲ့အခါ

တေးငှက်တွေ ဆုံမြည် ပျံဝဲလို့ မြူးပျော်ကြ

မင်းရဲ့မိုးတိမ် လေထဲ မျောလွင့်ပျံသန်း

အသက်မဲ့တဲ့ ကမ္ဘာမြေ နိုးထလှုပ်ရှား

ရေတံခွန်များအပေါ် သက်တန့်တစ်ခုအလား

တို့ရဲ့နေ့တွေထဲ ရှိတဲ့ အလှတရား

အနောက်အရပ်မှာ ဝင်တဲ့ နေမင်းကြီးရဲ့အလှ

မင်းရဲ့ရင်ခွင်မှာ ခိုလှုံရင်း ငေးနေခိုက်

ရွှေရောင်အလင်းတွေ ဖြန်းပက်တဲ့အခါ

လောကဟာ တစ်ဖန် ပြန်ပြီးတစ်ခေါက် အသက်ဝင်သွား

နက္ခတ်ဆုံတဲ့ မိုးထက်ယံ

နေ နဲ့ လ ရယ် ကြယ်တွေ ဝိုင်းရံ

အဝေးကလာတဲ့ ခေါင်းလောင်းထိုးသံ

ရှေးနတ်ဘုရားတို့ ပျော်မြူး

0 Comments

Leave a Reply

Your email address will not be published. Required fields are marked *