Music,  Myanmar Song,  Pāḷi,  Photo,  Poetry,  Translation

တင်မိုး-မစ္ဆရိယ (ပါဠိ)

တခါတရံ ကဗျာတွေ ဖတ်တယ်။ တခါတရံ သီချင်းတွေ နားထောင်တယ်။ တခါတရံ ကဗျာတွေ သီချင်းတွေ  ပါဠိဘာသာပြန်တယ်။ ဒီတစ်ခါတော့ ကဗျာလည်း ဖြစ် သီချင်းလည်းဖြစ်တဲ့ “မစ္ဆရိယ”ကို ပါဠိဘာသာပြန်ဖြစ်တယ်။ ၁၉၉၃ခုထွက် “အတ္တစိတ်ကူး” တေးစီးရီးထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး ရေးသူက စိုးအာကာလို့ စိုင်းထီးဆိုင် ကိုယ်တိုင် ပြောထားတာ ကြားရပါတယ် (https://youtu.be/1PQiSRqV6y8)။ ဆရာဝင်းဖေကတော့ ဆရာတင်မိုး ရေးထားတဲ့ ကဗျာလို့ ဆိုပါတယ် (https://youtu.be/WvBWKzl5oas)။  တင်မိုးရဲ့ ကဗျာကို စိုင်းထီးဆိုင် သီဆိုထားတာလို့ပဲ မှတ်ထားလိုက်တော့တယ်။

ယဿ ပုဂ္ဂလဿ ဣဒံ မစ္ဆရိယံ အပ္ပဟီနံ၊ အယံ ဝုစ္စတိ ပုဂ္ဂလော ‘‘မစ္ဆရီ’’လို့ ဒေသနာမှာ ဆိုတယ်။ အနည်းဆုံး တဒင်္ဂပဟာန်ဖြစ်ဖြစ် ဝိက္ခမ္ဘနပဟာန်ဖြစ်ဖြစ် မပယ်ရှားနိုင်သရွေ့တော့ မစ္ဆရီ..ဖြစ်နေဆဲပေါ့။ ခုလည်း မစ္ဆရိယဓာတ်ခံလေးနဲ့ မစ္ဆရိယသီချင်းကို ခံစားကြည့်မိတယ်။ ပရမတ္ထဆိုက်လိုဆိုက်ငြားပေါ့။

ရတ္တိယံ ပုဏ္ဏစန္ဒော

နိသာနာထေန အဟံ ပယောဇယံ အဘိဘဝတုကာမော

မစ္ဆရိယေဟိ ထဒ္ဓေါ

အတ္တဗဒ္ဓနာဗဒ္ဓစိတ္တသ္မိံ

ဟဒယကဋုကေ အန္တောအဂ္ဂိနာ

ပဇ္ဇလိတော

.

ကာဠဝလာဟကန္တရေ

တုဟိနေန အာဝုတာ

တဏ္ဍုလဘယတဇ္ဇိတာ

ဝိပရိဏတာ ဧကာ ရတ္တိ

.

ပုပ္ဖေ ဝိကသိတေ

အမိလာတေ ပုပ္ဖိတေ အနတ္တမနော

အဟံ နူန သုဂန္ဓော

ဝိဒ္ဒေသနကမ္မကရဏံ ပရာဇယံ

ပရာဇယေန ဘိယျော ဝိဒ္ဒေသနော

သံသာရစက္ကံ

.

ခရတရံ သေဒဓာရာ

ဇေဂုစ္ဆိတော ဒုဋ္ဌစိတ္တော

အဇောတိတော တမောနဒ္ဓေါ

အာဝဋော မေ ဘဝေါ

.

မစ္ဆရိယံ

ဝဇ္ဇဗဟုလံ ဟိရိသင်္ကေတံ

မစ္ဆရိယံ

ပုဏ္ဏစန္ဒေ

ခေဠပါတံ နိဋ္ဌုရိယံ

မစ္ဆရိယံ

ဝိပါကတော ဟဒယဖာလိတပတ္တော

မစ္ဆရိယံ ဓီ! မစ္ဆရိယံ

မစ္ဆရိယ (ရေး တင်မိုး။ ဆို စိုင်းထီးဆိုင်)

ညတစ်ည လသာသာ

လမင်းနဲ့ ငါပြိုင်ကာ အနိုင်လုမယ်

မနာလိုမှုတွေ ခက်ထန်ခဲ့

အတ္တ၏ အကျဉ်းစိတ်နှောင်တွင်း

နှလုံးခါးပြီး အတွင်းကျိတ်လောင်မီး

ပြောင်ပြောင်ညီးခဲ့ပေါ့

တိမ်ညိုတွေ အတင်း ကွယ်ဖုံး

မြူမှုန်တွေ လွှမ်းခြုံဦး

ထမင်းလုံးတစ္ဆေခြောက်

ဖောက်ပြန်လေတဲ့ ညတစ်ည

ပန်းကလေး ပွင့်ချိန်တန်

လန်းဆန်းလို့ ဝေဆာရင် အလိုမကျချင်

ငါသာ သင်းထုံမွှေးကြိုင်ချင်

အမုန်းဖက်တော့ အရှုံးထွက်မှာပဲ

အရှုံးထွက်တော့ အမုန်းဆက်မှာပဲ

သံသရာမဆုံးတော့တယ်

ပြိုင်းပြိုင်းကျ ဇောငယ်ချွေး

မသတီစရာ အရိုင်းစိတ်မွေး

အလင်းမရ အမှောင်ကျ

ဖုံးကွယ်လေတဲ့ ငါ့ဘဝ

မစ္ဆရိယ…

အပြစ်ရှိသမျှ အရှက်ရဲ့ သင်္ကေတ

မစ္ဆရိယ…

တဖွေးဖွေးသာတဲ့ လကို

ပက်လက်လှန် တံတွေးထွေး

မစ္ဆရိယ…

အကျိုးကတော့ နှလုံးသား အကုန် ကြေမွ

မစ္ဆရိယ…ဟယ်… မစ္ဆရိယ

Leave a Reply

Your email address will not be published. Required fields are marked *