History,  Memo,  Note,  Photo

ဒုက္ခအလှသစ္စာ

beauty of birth

Punjabပြည်နယ် Chandigarhမြို့ Government Museum and Art Galleryထဲမှာ ခင်းကျင်းပြသထားတဲ့ Gandhara Sculpture တွေဟာ ဘီစီ၁ရာစုကနေ အေဒီ၃ရာစုအတွင်းက ထုဆစ်ခဲ့တဲ့ ရှေးဟောင်းကျောက်ဆစ်ရုပ်တုတွေလို့ ဆိုတယ်။ ၁၉၄၇ခုနှစ် India partitionမှာ Lahoreပြတိုက်ကနေ ဝေစုအဖြစ် ရယူခဲ့လို့သာ Chandigarhပြတိုက်ထဲမှာ ရောက်နေတာ။ Indiaမှာ Calcuttaပြတိုက်ပြီးရင် Chandigarhပြတိုက်ထဲမှာ ရှိတဲ့ Gandhara Sculptureတွေဟာ ဒုတိယအများဆုံးလို့ဆိုတယ်။ ဒီဂန္ဓာရကျောက်ဆစ်ရုပ်တုတွေနဲ့ နီးနီးနားနား ရှိနေတာဟာ တကယ့်ကို ကံကောင်းတာပါပဲ။ Chandigarhမှာ နေခိုက်  ၅နှစ်ကျော် ၆နှစ်အတွင်းမှာ မှတ်မှတ်ရရ ၃ကြိမ်တော့ ရောက်ခဲ့တယ်။ Panjabတက္ကသိုလ်နဲ့ ၃ကီလိုမီတာလောက်ပဲ ဝေးပေမယ့် အကြောင်းညီညွတ်မှပဲ သွားဖြစ်ခဲ့တယ်။

ခင်းကျင်းပြသထားတဲ့ ဂန္ဓာရလက်ရာကျောက်ဆစ်ရုပ်တု ၆၀၀ကျော်ထဲမှာ ဗုဒ္ဓရုပ်ပွားတော်တွေ ဗောဓိသတ္တရုပ်ပွားတော်တွေ ဒေဝတာရုပ်တုတွေ အရွယ်စုံ တွေ့ရတယ်။ ဗုဒ္ဓဖြစ်စဉ်တွေကို ဖော်ပြထားတဲ့ ကျောက်ထွင်းဗုဒ္ဓဝင်တွေကိုလဲ တွေ့ရတယ်။ ထူးထူးခြားခြား ဂန္ဓာရမှာ စတင်မွေးဖွားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကြားမှာ မွေးဖွားခြင်းနဲ့ မိခင်ကို ကိုယ်စားပြုတဲ့ ကျောက်ဆစ်လက်ရာ ၃ခုကို တွေ့ရတယ်။

“ဇာတိပိ ဒုက္ခာ”နဲ့ “ခီဏာ ဇာတိ”တို့ရဲ့ အကွာအဟကို ကိုယ်တိုင် သိမြင်ပြီး သူတပါးတို့ကို သိမြင်စေနိုင်မယ့် သားတစ်ဦးကို မွေးဖွားပေးခဲ့တဲ့ မိခင်ရဲ့ ပုံရိပ်ဟာ လူသားအားလုံးအတွက် အနှိုင်းမဲ့တဲ့ စံအနေနဲ့ ထာဝရ တည်ရှိနေဦးမှာပါ…။

(၁) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၃ရာစုလက်ရာ)

mother_01mother_02

(၂) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၂ရာစုလက်ရာ)

mother_03mother_04(၃) သိဒ္ဓတ္ထမွေးဖွားခြင်း (အေဒီ ၂ရာစုနှောင်းပိုင်းလက်ရာ)

mother_05

mother_06

Leave a Reply

Your email address will not be published. Required fields are marked *