Memo,  Music,  Myanmar Song,  Photo,  Quote,  Translation

စကားလုံးမရှိတဲ့ ညဝိညာဉ်

city night

ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို ပါဠိဘာသာပြန်တာ ဝါသနာတစ်ခုပဲ။ သံစဉ်နဲ့ အညီ ပြန်ဆိုတာမျိုးတော့ မဟုတ်ဘူး။ မူရင်းသီချင်းစာသားအဓိပ္ပါယ်ကို ခြုံငုံမိတဲ့ အနေအထားတစ်ရပ်အထိပဲ ဘာသာပြန်လိုက်တာ။ ကိုယ်တိုင် ဖတ်ဖို့မျှသာပဲ။ blogပေါ် facebookပေါ် တင်လိုက်လဲ ဘယ်သူမှ မဖတ်ဖူးဆိုတာ သိနေတာပဲ။ သီချင်းလေးကို nonstopဖွင့်ရင်း ဘာသာပြန်နေတဲ့ အခိုက်အတံ့လေးက တကယ့် အရသာ။ ဘာသာပြန်ပြီးသွားရင် ကြည်နူးကျေနပ်သွားတဲ့ အချိန်လေးကလဲ တကယ့် အရသာ။ ပြီးရင် တခေါက်တလေတောင် ပြန်ဖတ်ဖြစ်ချင်မှလဲ ဖြစ်မယ်။ ဒါပေမယ့် အမှတ်တရတစ်ခု ထင်ကျန်ရစ်ခဲ့တာနဲ့တင် ကျေနပ်မိတယ်။

ကိုငှက်ရဲ့ သီချင်းတွေကို အကုန်နီးနီး ကြိုက်တာပဲ။ phone ringtoneတောင် သူ့သီချင်းတစ်ပုဒ်ပဲ။ လူတိုင်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် ပါဠိဝေါဟာရတွေပါနေလို့ ringtoneလုပ်ထားတာ။ သီချင်းစတာနဲ့ ကိုယ်အနှစ်သက်ဆုံး ပါဠိစာသားတွေ ထွက်ကျလာတဲ့ “မဟာဝီရ…”ပါ။ သံစဉ်ကတော့ မဆလာနံ့ အတော် သင်းပါတယ်။ ဒါပေမယ့် ဒီဖုန်းခေါ်သံလေးဟာ ကိုယ့်အတွက် မင်္ဂလာရှိနေတာ အမှန်ပါ။

ကိုငှက်ရဲ့ သီချင်းတွေထဲက တစ်ပုဒ်ကို Aug ၁၄ရက်နေ့ အမှတ်တရ ဘာသာပြန်ဖို့ လိုက်ရှာရင်း ရင်ခုန်သံတွေကို ဆွံ့အစေတဲ့ သီချင်းတစ်ပုဒ်ကို ထပ်တလဲလဲ နားထောင်ရင်း ပါဠိဘာသာပြန်ဆိုဖြစ်တယ်။ လှတပတ ပါဠိစာသားလေးတွေ ပြန့်ကျဲထွက်အံကျလာတယ်။ ဒါကဗျာတစ်ပုဒ်ပေါ့…. ဘယ်သူ ငြင်းမလဲ…

ရဋ္ဌရတ္တိယာ ဆာယာ ပရိဘိန္နာ

မဂ္ဂန္တရေ ဇိဏ္ဏသုရာဃရေ

ဂီတပဒါနိ ခဏ္ဍာခဏ္ဍံ ပတ္ထတာနိ

ဓူမာ ဥဂ္ဂတာ

နိသိန္နော.ဟံ

သောကီ

ဣဒဉှိ ကဗျံ

ကော ဝိဝဒေယျ။

 

နိသာပက္ခီနော

ဂါယန္တာ ပက္ခန္ဒန္တာ

ဂဝေသန္တာ ခုဒ္ဒကံ အာလောကံ

ဝိပ္ပယုတ္တာ ဘဝါ ပဝတ္တာ

အနိရောဓိတဂ္ဂိ ဟဒယင်္ဂတော

ဧကော အာဒါသော

ဘိန္နော

ဣဒဉှိ ကဗျံ

ကော ဝိဝဒေယျ။

 

ရဋ္ဌရတ္တိယော

သမ္မတ္တာ

ခုဒ္ဒဟဒယသဒ္ဒေါ

မူဂေါ

အဟော မေ ဝိညာဏံ!

 

ဟဒယဘိန္နဂီတံ

ဂါယန္တော

ယော သရတိ

ကော ပန သော

နိသဒ္ဒရတ္တိယံ

ဧကကော

မေ ရတ္တိယော

သဒိသာယေဝ

ယာမနာဠိယော

ဝိစ္ဆိန္နာ

ဣဒဉှိ ကဗျံ

ကော ဝိဝဒေယျ။

 

ရဋ္ဌရတ္တိယော

သမ္မတ္တာ

ခုဒ္ဒဟဒယသဒ္ဒေါ

မူဂေါ။

အဟော မေ ဝိညာဏံ!

 

ရဋ္ဌရတ္တိယော

သမ္မတ္တာ

ခုဒ္ဒဟဒယသဒ္ဒေါ

မူဂေါ။

မြို့ပြညရဲ့ အရိပ်တွေ ကြေကွဲ

လမ်းကြားအရက်ဆိုင်အိုလေးထဲ

တေးသွားများက တစစီပြန့်ကျဲ

မီးခိုးငွေ့တွေ လွင့်မျောဆဲ

ငါထိုင်ရင်းနဲ့

ဆွေးနေရဲ့

ဒါကဗျာတစ်ပုဒ်ပေါ့

ဘယ်သူ ငြင်းမလဲ

 

ညငှက်များက

တေးဆိုပျံဝဲ

ဝိုးတဝါး အလင်းရောင်ရှာရင်းနဲ့

အဆက်အစပ်မဲ့တဲ့ ဘဝတွေ နေမြဲ

မငြိမ်းသောမီးတွေ ရင်ထဲစွဲ

မှန်လေးတစ်ချပ်

ကွဲနေရဲ့

ဒါကဗျာတစ်ပုဒ်ပေါ့

ဘယ်သူ ငြင်းမလဲ

 

မြို့ပြညများ

မူးယစ်သွားခဲ့

ရင်ခုန်သံလေးရယ်

ဆွံ့အနေခဲ့

ငါ့ဝိညာဉ်ရယ်

 

အသည်းကွဲသီချင်းလေး

ညည်းညူနေဆဲ

တမ်းတတတ်သူ

ဘယ်သူများလဲ

တိတ်ဆိတ်ညနက်ထဲမှာ

တစ်ယောက်ထဲ

ငါ့ရဲ့ညတွေ

အရင်အတိုင်းပဲ

နာရီများလဲ

ရပ်နေရဲ့

ဒါကဗျာတစ်ပုဒ်ပေါ့

ဘယ်သူ ငြင်းမလဲ

 

မြို့ပြညများ

မူးယစ်သွားခဲ့

ရင်ခုန်သံလေးရယ်

ဆွံ့အနေခဲ့

ငါ့ဝိညာဉ်ရယ်

 

မြို့ပြညများ

မူးယစ်သွားခဲ့

ရင်ခုန်သံလေးရယ်

ဆွံ့အနေခဲ့

အပိုင်းအစ >>> ငါ… ငှက်