
သစ္စာရဲ့ အပွေ့အဖက်
သတ္တလောကေ မနုဿတ္တဘာဝေါ
ဇရာဗျာဓိမရဏဓမ္မော
အဟော.. သစ္စံ၊
တထာပိ တယိ ကာင်္လကတေ
တဝ ဇာတိဘူမိ တုမှာကံ ဘူမိ
ဝေပုလ္လပ္ပတ္တာ ပတိဋ္ဌိတဗ္ဗာ
တဝ ကုလဝံသော ဘာသာ
ဝိတ္ထာရိကပ္ပတ္တာ ပတိဋ္ဌိတဗ္ဗာ
ယတ္ထ တေ အဉ္ဇလိကမ္မံ ပုညဘာဂေါ
စေတိယံ သစ္စာလောကော
ဉာဏဒီပေါ စ
သြဘာသယံ ပဘာသယံ သံတိဋ္ဌတု
.
သင်သေသွားသော်
ဇော်ဂျီ
သြော် – လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာ စကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင် ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။