Memo,  Music,  Myanmar Song,  Photo,  Quote,  Translation

တိုးလှိုက်သံ

release

ကံသတာလသဒၵမိဝ

ဃ႑ိသဒၵမိဝ

သုတကာလေ

သီတလံ ဝိဟာရဆာယံ

ပဋိပန္နော သမာဂန္တုကာမော

 

ပက္ခီသု သဟသာ ဥပ္ပတန္တေသု

သုက္ခပဏ္ဏံ နူန နိပတိတံ

တဝတ္ထာယ ကာကတာလိယံ

မမတ္ထာယ သဗ္ဗကာလိကံ

ပရာဘဝန္တော ပမုဿိတုကာမော

 

ပရဝဿဇလသောတေန ကုန္နဒီ

ဂီတသဒ္ဒံ ဂါယန္တီ ဧကဂ္ဃနသိလံ

သဏိကံ ပရိမဇ္ဇန္တီ ရတ္တန္ဒိဝံ

သန္ဒမာနာ ပဋိပန္နာ

 

ကံသတာလပကာသိတံ ဓမ္မသဒ္ဒံ

ကုန္နဒိယာနံ မဟုဿာဟေန

သမောဓာနေတွာ အာစရန္တော သီတရုက္ခဆာယာယံ

ပရိစ္စာဂေန တိတိက္ခမာနော နိဗ္ဗာယိဿတိ

 

ကံသတာလသဒ္ဒမိဝ

ဃဏ္ဍိသဒ္ဒမိဝ

သုတကာလေ

သီတလံ ဝိဟာရဆာယံ

ပဋိပန္နော သမာဂန္တုကာမော

 

ကံသတာလပကာသိတံ ဓမ္မသဒ္ဒံ

ကုန္နဒိယာနံ မဟုဿာဟေန

သမောဓာနေတွာ အာစရန္တော သီတရုက္ခဆာယာယံ

ပရိစ္စာဂေန တိတိက္ခမာနော နိဗ္ဗာယိဿတိ

ဆည်းလည်းလေးများ ပွတ်တိုက်ရိုက်သံလို

ခေါင်းလောင်းလေးများ ထိုးနှက်လိုက်သံလို

ကြားလိုက်တဲ့ အခိုက်အတန့်မှာ

အေးငြိမ်းတဲ့ ကျောင်းအရိပ်ဆီ

လှမ်းရင်းပြေးလို့ တွေ့လိုက်ချင်ရဲ့

.

ကျေးငှက်ကလေးတို့ ရုတ်တရက် ထပျံစဉ်

သစ်ရွက်ခြောက်မို့ လွင့်လို့ ကြွေတာဆို

မင်းအတွက်တော့ အမှတ်တမဲ့သာ

ငါ့ဘက်က ဘဝတစ်သက်တာ

ဆုံးရှုံးမှုနဲ့ ချွေးသိပ်ကာ မေ့ပစ်လိုက်ချင်ရဲ့

.

မိုးနှောင်းကျရေ စီးတဲ့ ချောင်းငယ်ရေ

တေးသွားလေး ဆိုညည်းရင်း ကျောက်စိုင်ကို

ဖြည်းဖြည်းချင်း ပွတ်တိုက်ကာ နေ့လရက် ဆက်ခဲ့စဉ်

စီးဆင်းရင်းနဲ့ ရွေ့ခဲ့တယ်တဲ့

.

ဆည်းလည်းလေးများ ပြတဲ့ တရားသံကို

စမ်းချောင်းလေးတို့ ဇွဲနဲ့ အားမာန်နဲ့

ပေါင်းစပ်ပြီး ကျင့်ခဲ့ရင် အေးငြိမ်းတဲ့ သစ်ရိပ်မှာ

စွန့်လွှတ်မှုနဲ့ ခွင့်လွှတ်စဉ် ငြိမ်းသွားလိမ့်မယ်တဲ့

.

ဆည်းလည်းလေးများ ပွတ်တိုက်ရိုက်သံလို

ခေါင်းလောင်လေးများ ထိုးနှက်လိုက်သံလို

ကြားလိုက်တဲ့ အခိုက်အတန့်မှာ

အေးငြိမ်းတဲ့ ကျောင်းအရိပ်ဆီ

လှမ်းရင်းပြေးလို့ တွေ့လိုက်ချင်ရဲ့

.

ဆည်းလည်းလေးများ ပြတဲ့ တရားသံကို

စမ်းချောင်းလေးတို့ ဇွဲနဲ့ အားမာန်နဲ့

ပေါင်းစပ်ပြီး ကျင့်ခဲ့ရင် အေးငြိမ်းတဲ့ သစ်ရိပ်မှာ

စွန့်လွှတ်မှုနဲ့ ခွင့်လွှတ်စဉ် ငြိမ်းသွားလိမ့်မယ်တဲ့

0 Comments

  • Mettananda Ashinvajirabuddhi

    နောင်ကြီးရေ … သီချင်းကတော့ နကိုကထဲက ကြိုက်ပြီးသားမို့ ပါဠိကို သိပ်မကျွမ်းကျင်ပေမဲ့ ကဗျာကို အဘိဓာန် ကြည့် ဘာသာပြန်နဲ့ လိုက်တိုက်တာ အတော်ကြိုက်သွားလို့ ရှယ်လိုက်တယ်၊

Leave a Reply

Your email address will not be published. Required fields are marked *