-
BLOGကိုး
natthi blog ၉နှစ်ပြည့်ပြီ။ (တကယ်တော့ ၂၀၀၇ မတ်လလယ်လောက်က စခဲ့တာ။ blogကို ပြင်ရင်းနဲ့ လကုန်ရက်ရောက်မှ ပိုစ့်ဟောင်းတွေ တစ်ရက်ထဲ စုတင်လိုက်မိတာ) ပထမ ဒီမှာ ရေးနေတာ။ ရပ်လိုက်တယ်။ ဒီမှာ ဆက်ရေးတယ်။ ရပ်လိုက်တယ်။ နောက်ဆုံးတော့ ပိုစ့်တွေ အကုန် ဒီကို ပြောင်းလိုက်ပြီး ဆက်ရေးခဲ့တယ် (ခု မရေးတာကို ကြာနေပြီ)။ အရောင်စုံ အသွေးစုံလှတဲ့ blogosphereထဲမှာ ၉နှစ်ကြာ ရှင်သန်နေခဲ့တဲ့ အမှတ်တရ True Colorsသီချင်းကို ပြန်လည်ခံစားဖြစ်ခဲ့တယ်။ ဒီသီချင်းက versionအမျိုးမျိုး ရှိပေမယ့် The British Paraorchestraနဲ့ ထုတ်တဲ့ versionကို နှစ်သက်မိတယ်။ blogလောကမှာ သတိတရဖြစ်မိတဲ့ bloggerက ပန်ဒိုရာ။ သူ့ရဲ့ blogသက်တမ်းနဲ့ နတ္ထိblogသက်တမ်းက မတိမ်းမယိမ်းပါ။ ရှင်သန်ခြင်းတွေ ဖြန့်ခင်းတတ်သော Blogpoet Pandora commentထားခဲ့တဲ့ True Colorsသီချင်း မြန်မာဘာသာပြန်တစ်ပုဒ်ကိုတော့ blog ၉နှစ်ပြည့်လက်ဆောင်လို့ မှတ်ယူလိုက်ပါတယ်။ အရောင်အသွေးမှန်. ကြေကွဲမျက်လုံးအစုံနဲ့ မင်း. အားမလျော့ပါနဲ့. အို… ငါ နားလည်ပါရဲ့. သတ္တိမွေးဖို့ဆိုတာ ခက်တယ်လေ. လူတွေပြည့်နှက်နေတဲ့ ဒီကမ္ဘာကြီးမှာ. မင်းဟာ အားလုံးကို မျက်ခြေပြတ်သွားနိုင်ရဲ့. ပြီးတော့ မင်းရင်ထဲက အမှောင်ထုဟာ. မင်းကိုယ်မင်း သေးငယ်တယ်လို့ ထင်မိအောင် လုပ်နိုင်ရဲ့. . ဒါပေမဲ့ မင်းရဲ့အရောင်အသွေးမှန်ကို ကိုယ်မြင်နေ. လင်းလက်တောက်ပလို့. မင်းရဲ့ အရောင်အသွေးမှန်ကို ကိုယ်မြင်ရဲ့. ဒါကြောင့်လည်း မင်းကိုကိုယ်ချစ်နေရ. ဒီတော့ သူတို့ကို အရောင်အသွေးမှန် ပြလိုက်ဖို့. တွန့်ဆုတ်ကြောက်ရွံ့မနေနဲ့လေ. မင်းရဲ့အရောင်အသွေးမှန်. အရောင်အသွေးမှန်ဟာ သိပ်ကိုလှပ. သက်တံတစ်စင်းလိုပေါ့. ဒါဆို ကိုယ့်ကိုပြုံးပြလိုက်ပါကွယ်. ဝမ်းနည်းမနေပါနဲ့တော့…