- 			ကမ်းမမြင်လမ်းမမြင်အႏုဂေစၧယ်၊ အနုပါပုဏေယျ။ သုပိနော အတ္ထိယေဝ သန္တိကေ။ သွားပါ…၊ ရောက်မှာပါ…။ အိပ်မက်က အနားမှာ။ 
- 			အရည်အသွေးဧကေကာပိ…။ နေသောဟမသ္မိ။ တစ်ကိုယ်တည်း နေပါ။ တစ်ကိုယ်ကောင်း မဆန်ပါနဲ့..။ 
- 			အမှီသဟဲဥပကာရော မာ အသဗ္ဘော။ ရိုင်းပင်းပါ…။ မရိုင်းပျပါနဲ့…။ 
- 			မတ်တပ်ရပ်လို့ လမ်းမှာငတ်ခုဒံ အနုဘဝ…။ ဥဇုံ အနုကရ…။ ငတ်ပလေ့စေ… မတ်မတ်နေပါ…။ 
- 			ကမ်းနားသစ်ပင်ၾသနေမယ်။ မာ ဝေကၤ။ စောင်းချင် စောင်းပါ။ မကောက်ပါနဲ့…။ 
- 			ပေါက်တူးတစ်လက်သို့ တမ်းချင်းခေဏယ် မာ ဝိေဇၩယ် ဝိဒၶံေသယ်။ မာ ဒူေသယ်။ တိခဏအယသူလာနံ အန္တရေ ဒီဃာ သောကာတုရဿ ရတ္တိ။ ခဏ္ဍာခဏ္ဍိကာနံ အန္တရေ ဒီဃာ အဿုမုခဿ ရတ္တိ။ တူးချင်တူးပါ မဆွပါနဲ့ ဖြိုချင်ဖြိုပါ မဖျက်ပါနဲ့ အချွန်အထက်တွေကြားမှာ ရတက်မအေးတာ ကြာပြီ။ အပြိုအပျက်တွေကြားမှာ ငိုကြွေးရတာ ကြာပြီ။ 
- 			အရိုငျးလမျးကန္တာရော… အပ္ပါကိဏ္ဏော အပ္ပသဒ္ဒေါ အပ္ပနိဂ္ဃေါသော။ တထာပိ ဥစ္စော စေဝ နိန္နော စ ပဗ္ဘာရော စ ဂမ္ဘီရော စ။ ဇင်္ဃာဗလေနေဝ ဂစ္ဆ အဘိက္ကမ မာ နိဝတ္တ…။ ဒူရာ ဝါ အတိဒူရာ ဝါ ခေမန္တဘူမိ…။ ကန္တာရခရီး… လူသူကင်းဝေး နားအေးပါးအေး တိတ်တိတ်ဆိတ်ဆိတ် မြင့်လိုက် နိမ့်လိုက် ချိုင့်လိုက် နက်လိုက်…။ ခြေကျင်သာ ချီတက်ပါ ရှေ့ဆက်ပါ နောက်မဆုတ်နဲ့…။ ဘေးကင်းရာမြေ ဝေးချင်ဝေးနိုင်တယ်။ 
- 			ရေစုန်မြောတဲ့ မြစ်Mansarovar (အနောတတ်အိုင်) ကနေ မြစ်ဖျားခံလာသတဲ့။ Senge Khabab (ခြင်္သေ့ခံတွင်း) ကနေ စတင် စီးဆင်းလာသတဲ့။ ရာဇဝင်ထဲလဲ ပါရဲ့။ နဒီဝင်ထဲလဲ ပါရဲ့။ တောင်ပေါ်က ဆင်းလာတဲ့ မြစ် တောင်ပေါ် ပြန်မတက်တော့ဘူးတဲ့။ ဒီမြစ်ရဲ့ ကောက်ကြောင်းတွေက တောင်စဉ်အထပ်ထပ် တောစဉ်အထပ်ထပ် ဝေ့လို့ဝိုက်လို့။ အေးတဲ့နေရာမှာ အေးတယ်။ ဖွေးတဲ့နေရာမှာ ဖွေးတယ်။ နွေးတဲ့နေရာမှာ နွေးတယ်။ စွေးတဲ့နေရာမှာ စွေးတယ်။ ကမ်းပါးတစ်နေရာမှာ… ထိုင်တွေးမနေနဲ့ မှိုင်ငေးမနေနဲ့ ဣန္ဒုမြစ်ရေနဲ့ ဆေးကြောလိုက်ပါ…။ 
- 			အကွညျ့ဥဒ္ဓံ ဝါ အဓော ဝါ ဣတော စိတော ဝါ ဥလ္လောကေတိ သြလောကေတိ ဝိပေက္ခတိ အောက် ထက် ဟို ဒီ မော့ကြည့် ငုံ့ကြည့် ငဲ့ကြည့်