ရွှေတိဂုံကိုမြင်လျှင်
တောက်လို့သာ ကဲတော့တယ်
ပေါက်ဆဲ သူရိန်လို
ဘူမိန္ဒာမြေရိုက်တွင်မှ
ရွှေသိုက်စောင်ပေါ်ထွန်းလို့
မော်ကွန်းအောင်လံထူးပါဘိ
တောင်ညွှန့်ရင်…
ဆိုပြီး စာအုပ်တစ်အုပ် (ရွှေတိဂုံစေတီတော်သမိုင်းလို့ထင်တယ်)ထဲက ရခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးကို မှီးပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြန်စီထားတာလေး ရှိတယ်။ ဒီလို…
တင့်လို့သာထွန်းတော့တယ်
ပြည့်ဝန်း စန္ဒာလို
သန္တာပြာတိမ်ဖျားတွင်မှ
ငွေသားရောင်ပေါ်လင်းလို့
မှန်ကင်းအောင်လံထူးပါဘိ
စိန်ဖူးရှင်…
ရေးခဲ့တာ ကြာလှနေပြီ။ အခု ရွာခဏပြန်ရောက်တုန်း Sakura Towerပေါ်ကနေ ဖူးမြင်ရတဲ့အခါ ပြန်ပြီး သတိရမိတယ်။
အော်…ဝေးဝေးကသာ လွမ်းရပါတော့သည်…။