နတ္ထိရဲ့ ခရီး (ဗုဒ္ဓဂါယာ)
ဝသလံ ဒေ၀၀ါဟိနိံ။
ဝယဓမ္မံ ၀ဇာပေသိ၊
ဝရသက္ခီ ၀သုန္ဓရီ။
ဘုရားလောင်း သိဒ္ဓတ္ထသည်
အကူအညီမပါ တစ်ယောက်ထဲသာလျှင်
မာရ်စစ်သည် အပေါင်းကို
အောင်နိုင်တော်မူခဲ့လေပြီ။
ပထ၀ီမြေအထုက သက်သေပြုခဲ့သည် မဟုတ်ပါလား။
။
အစည်းအဝေး ၃ရက်တာကာလအတွင်းမှာတော့ ပညာရှင်တွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထောင့်ပေါင်းစုံက ဆွေးနွေးတင်ပြကြတယ်။ ကိုယ်တိုင်ကတော့ နားထောင်ရုံ သက်သက်ပါပဲ။ ဟုတ်တယ်လေ။ ဒီလောက်ပဲ တတ်နိုင်တယ်။ ဗဟုသုတနဲ့ အမြင်သစ်တွေရတာနဲ့တင် ကံကောင်းလှပါပြီ။ မြတ်ဗုဒ္ဓပွင့်ထွန်းပေါ်ပေါက်တဲ့ နေရာထူးကို ရောက်ခဲ့ရပြီ မဟုတ်လား။
ဗောဓိပင်အောက်မှာ အကြာကြီး ထိုင်ဖြစ်တယ်။ ဒီနေရာက အောင်မြေ မဟုတ်လား။ ဒါဆို အနေကဇာတိသံသာရံ…စတဲ့ ဥဒါန်းကျူးတဲ့ အောင်ဂါထာတွေ မရွတ်ဖတ်တော့ဘူးလား။ ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ ရွတ်ပြီး သံသရာစက်ရဟတ် ကျိုးပြတ်ပုံတွေကို မဆင်ခြင်တော့ဘူးလား။ မမြဲခြင်း ဆင်းရဲခြင်း အစိုးမရခြင်းသဘောတွေကို မြင်နိုင်ဖို့ အာနာပါန ကမ္မဋ္ဌာန်းကို မစီးဖြန်းတော့ဘူးလာ။ အကြောင်းအကျိုး ဆက်နွယ်မှုတွေကို သုံးသပ်နိုင်ဖို့ ပဋ္ဌာန်း ဒေသနာတော်ကြီးကို မပူဇော်တော့ဘူးလား။ အောင်ဇေယျတု အောင်ဆုလေးများ မတောင်းဆိုတော့ဘူးလား။ ဗောဓိပင်ကြီးကို မော့ကြည့်ပြီး စိတ်ထဲမှာတော့ တစ်မျိုးကြီးပဲ။ ကြည်နူးသလိုလို လွမ်းမောသလိုလို ရီဝေေ၀ ခံစားမိတယ်။ မှတ်မှတ်ရရ တစ်ခုခုတော့ လုပ်ရမယ်ပေါ့။ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားရင်း အကြံတစ်ခုပေါ်လာတယ်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ဗောဓိညောင်ရွက် တစ်ရွက်တစ်လေ ထိုင်နေတဲ့ရှေ့ ကျလာရင် ကောက်မယ်ပေါ့ဗျာ။ ဟုတ်တယ်လေ။ ဗောဓိဓာတ်လေး ရလိုရငြားပေါ့။ ထိုင်နေတာ အတော် ကြာတယ်။ ညောင်ရွက် တစ်ရွက်စ နှစ်ရွက်စ ကြွေပါတယ်။ ကောက်မယ်ပြင်ခါ ရှိသေးတယ်။ ကိုယ့်ထက် လျင်တဲ့သူတွေက ဦးသွားတာနဲ့ အင်း…တစ်ရွက်မှ မရခဲ့ဘူးဗျာ။
(ဗုဒ္ဓဂါယာမှာ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အဖို့အစုတို့ကို ကျေးဇူးရှင်တို့အား အမျှ ပေးဝေပါ၏)
0 Comments
Yan
ကိုနတ္ထိရဲ့ အရေးအသားရော၊ တင်ပြပုံရော သိပ်ကောင်းတယ်ဗျာ. ပါဠိစာပေကို ဒီလောက်ထိ ကြေညက်တာကို အထင်အရမ်းကြီးသွားပြီ. ဆက်လက်ပြီးရေးသားပါဦးဗျာ. ခဏခဏလာဖတ်ဖြစ်ပါတယ်.
Natthi
Yan…မရေးတတ် ရေးတတ်ပဲဗျို့။ ပါဠိစာပေကိုတော့ တတ်အောင် သင်တုန်းပါပဲ။ အားပေးတာ ကျေးဇူးပါဗျာ။
ah nai
အနော်ကတော့.. သာဓု..သာဓု..သာဓုဗျာ..
ကုသိုလ်တရားမှာနောက်ကျတယ်ဆိုတာမရှိဘူလေ…
နတ်ဆိုး
Natthi
Ah nai…နတ်ဆိုး သာဓုခေါ်ရင်တော့ အစွယ်ကျွတ်ပြီး နတ်ကောင်းဖြစ်သွားမှာနော။