• Pāḷi Kabya,  Photo

    အလည်အပတ်

    မဂ္ဂါ … ၀င်္ကာ ဥဇုကာ မိစ္ဆာ သမ္မာ ပုရာဏာ န၀ါ … သံန္ဓာဝိတာ သံသရိတာ အကွေ့အကောက် လမ်းများ အဖြောင့်အတန်း လမ်းများ အမှားအယွင်း လမ်းများ အမှန်အကန် လမ်းများ အစုတ်အပြတ် လမ်းများ အသစ်အဆန်း လမ်းများ … အပြေးအလွှား အဝေ့အ၀ိုက်

  • Gāthā,  Memo,  Note

    တဖက်သတ်

    အဖြူ — ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော။ အနက် — ပုတ္တော နု တာဒိဿ ၀ဓတ္ထိကော သော။ ဒီဂါထာ အပိုင်းအစလေးက ဒီမှာ တင်ပြီးသား။ ရေးခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ကျော်နေပြီ။ အခုထိ ဂါထာတစ်ပုဒ်ဖြစ်အောင် ဆက်မရေးဖြစ်တော့ဘူး။ ဒီလောက်နဲ့ပဲ လိုချင်တဲ့ အနေအထားတစ်ခုကို ရောက်ပြီလို့ တွေးမိတယ်။ ဧရာဝတီမြစ်ကမ်းနဘေးက နှမ်းဖတ်ချဉ်ပေါတဲ့ အညာမြို့လေးမှာ နေခဲ့တုန်းက ရေးဖြစ်ခဲ့တာ။ ရေးပြီး သရုပ်ဖော်ပုံလေးနဲ့ သူငယ်ချင်းတွေနဲ့အတူ စီစဉ်တဲ့ နံရံကပ်စာစောင်ပြပွဲမှာ ပြခဲ့တာ ဘောခရေဇီတွေက ပါဠိunited clubထောင်ဖို့ လိုလိုလားလား အဆိုပြုကြတယ်။ အဲဒီတုန်းက လူငယ်ခြေတက်လေး။ အခုတော့ မကစားတော့ပဲ blogပေါ်မှာ commentatorလုပ်စားနေတယ် 😀 ၁ပါဒမှာ ဒီလို “ဂရု-ဂရု-လဟု-ဂရု-ဂရု-လဟု-လဟု-ဂရု-လဟု-ဂရု-ဂရု” အက္ခရာ ၁၁လုံးပါတဲ့ “ဣန္ဒ၀ဇီရ” ပါဠိဂါထာ (ဒီဂါထာမျိုးနဲ့ ပတ်သက်ပြီး ဒီမှာ ရေးခဲ့ဘူးတယ်) ၂ပါဒကို First Eleven ၂သင်းပုံစံနဲ့ ကစားကွက်ဖော်ထားတာ။ ရလာဒ်ကတော့ ရှင်းပါတယ်။ ဘ၀ဟာ သတ်ကွင်း…။

  • Pāḷi Kabya,  Photo

    အကြပ်အတည်း

    ကောဓော.ယံ ဒဠှော ထိရော။ ယေန သတ္တော ဗန္ဓနေန ဗဒ္ဓေါ တတ္ထေ၀ ၀ဓံ ၀ါ ဗဒ္ဓံ ၀ါ မရဏံ ၀ါ အာဂမေယျ။ အခိုင်အခံ့ အမြဲအမြံ အရစ်အပတ် …အမျက်… အညှင်းအပမ်း အနှောင်အဖွဲ့ အသေအကြေ

  • Note,  Pāḷi Kabya,  Photo

    အငတ်အပြတ်

    ပတ္ထေတိ… ပရိယေသတိ … သကိံ ပရိဘုဉ္ဇတိ… တဒင်္ဂ၀သေန ပဟီယတိ…။ နိစ္စကာလံ ပန တိကိစ္ဆိတဗ္ဗော။ အတောင့်အတ… အရှာအဖွေ… အသုံးအစွဲ… တဒင်္ဂ…အသက်အသာ။ ထာဝရ…အကုအသ။

  • Pāḷi Kabya,  Photo

    လအေိုး

    တုစ္ဆော ၀ိဝဋော အယံ လောကော။ န သက္ကာ ကေနစိ ပူရေတုံ ပိဒဟိတုံ။ အပြင်မှာ ပွင့်အာ…။ အတွင်းမှာ ဗလာ…။ ဖြည့်မရ ပိတ်မရ…လောက။

  • Pāḷi Kabya,  Photo

    မာလာဗျူဟာ

    မာလာဂုဏံ သုခုမံ ထိရံ လောကာလင်္ကာရံ (ယာဝ ကစ၀ရာ) ပကာသနီ အယံ။ ပွင့်ပန်း ပေါင်းဖွဲ့ အနုအညံ့ အခိုင်အခံ့ အလှအပ (အမှိုက်ဖြစ်ပစေ) ပကာသန။