Poetry

  • Myanmar Poem,  Pāḷi,  Poetry,  Translation

    နိုင်ဇော်-မီးလျှံ (ပါဠိ)

    ကဗျာမှာလည်း အရောင်နဲ့ အဆင်းနဲ့။ ပန်းချီမှာလည်း စာနဲ့ ပေနဲ့။ အစပ်အဟပ်တည့်ချင်ရင်လည်း တည့်မယ်။ တည့်ချင်မှလည်း တည့်မယ်။ အလှသစ်ပန်းချီပြခန်းမှာ ခင်းကျင်းတဲ့ နိုင်ဇော်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲမှာ (The Valour of the nature By Artist Khin Zaw/Naing Zaw) The Other Sideပန်းချီကားလေးကို ခံစားမိရင်း သူ့ကဗျာစာအုပ်လေးလည်း လက်ဆောင်ရခဲ့လို့ အရောင်ထွက်တဲ့ ကဗျာတစ်ပုဒ်ကို ပါဠိဘာသာပြန်ကြည့်မိတယ်။ နိုင်ဇော်ရဲ့ “မီးလျှံ”ပါ။ မနုဿုပတ္တိတိယာ အဇ္ဈတ္တဂ္ဂိယာ ဇီဝိတမတ္တမ္ပိ အပ္ပဟောနကံ သူရိယရံသီ အဗန္ဓနဉ္စ ဧကစ္စာနိ ပုပ္ဖာနိပိ အာကင်္ခါနိ ပုပ္ဖါနိ ဝိယ အာလောကေနေဝ ဝိကသိတာနိ အန္ဓကာရေန ဩနဒ္ဓကာလေ မနုဿတ္တသောဘာ အပရိပုဏ္ဏာ ယတ္ထ ကတ္ထထစိ ဂတော ယော ကောစိ သမယော ယေန ကေနစိ ပရိက္ခေပေါ သူရိယရံသိသဒိသာ အန္တောဟဒယေ မေတ္တကရုဏာယော အာဟရ သူရိယရံသိပက္ခံ သဒါ အဘိမုခံ ကရ တထေဝ အန္ဓကာရဆာယာယော သကပိဋ္ဌိပဿေ ဘဝေယျာထ။ မီးလျှံ – နိုင်ဇော် လူတစ်ယောက် ဖြစ်တည်မှု ရဲ့ အတွင်း မီးဓာတ် အတွက် အသက် ရှင်သန်ရရုံကဖြင့် မလုံလောက်ပါ နေရောင်ခြည် ၊ နှောင်ကြိုးမဲ့ခြင်း နဲ့ ပန်းကလေး တစ်ချို့လည်း လိုသေးတာပါ ပန်းကလေးတွေက အလင်း ရောင်ခြည် ရှိမှသာ ပွင့်နိုင်သလို အမှောင်နဲ့ ထုံးဖွဲ့ နှောင်ထားတဲ့ အခါ လူ့ဘ၀ အလှ မပြည့်စုံနိုင်ပါ။ ဘယ်နေရာကို သွားသွား ၊ ရာသီက ဘယ်သို့ ရှိရှိ၊…

  • Music,  Myanmar Song,  Pāḷi,  Photo,  Poetry,  Translation

    သိမ်းငှက်တို့ရဲ့ သဘာ၀ (ပါဠိ)

    ဆရာဒီဆီက “လေညင်းကလေး” ကဗျာစာအုပ် လက်ဆောင်ရခဲ့တယ်။ သူနဲ့ ပထမအကြိမ် တွေ့ဖြစ်ခဲ့တာက အလှသစ်ပြခန်းမှာ ခင်းကျင်းတဲ့ သူရဲ့ Eyes of Inner Mind Seriesပြပွဲမှာ။ ဒုတိယအကြိမ်မြောက်က Equation Seriesမှာ။ အကြောင်းညီညွတ်လို့ ဆရာ့ဆီက အရောင်အဆင်း အတွေးအမြင် အကြောင်းအရာ အဆက်အစပ်တွေ အနည်းငယ် သိကြားခွင့် ရခဲ့တယ်။ Eyes of Inner Mind Seriesရဲ့ Headlineက “I see. I know. I understand.” အမှတ်တရ ပါဠိဘာသာပြန်မိခဲ့တာက “အဟံ ပဿာမိ၊ အဟံ ဇာနာမိ၊ အဟံ ဗုဇ္ဈာမိ။” Equation Seriesရဲ့ Headlineက “Balance + Zero = Law (B + 0 = L)”။ ဒါကို ပါဠိလို “မဇ္ဈတ္တံ + သုညတံ = ဓမ္မံ” လို့ ပြန်ဆိုမိခဲ့တယ်။ (ဆရာဒီရဲ့ ပြပွဲတစ်ခုကို 3xvivr Virtual Reality Productionက မှတ်တမ်းတင်ထားရှိတယ်။  ဒီမှာပါ.. https://my.matterport.com/show/?m=PYQPcyeciC2 ) Equationပန်းချီပြပွဲမှာ သူက ကဗျာစာအုပ် လက်ဆောင်ပေးရင် “အောင်ပွဲ”ကဗျာလေးနဲ့ Equation Seriesပြပွဲ ဆက်နွယ်ပုံကို ရှင်းပြခဲ့တယ်။ ကျန်တဲ့ ကဗျာတွေကို ဖတ်ရင်း ကဗျာတစ်ပုဒ်မှာ ခဏ ရပ်မိသွားရင်း သီချင်းတစ်ပုဒ်ကို ကြားယောင်လာမိတယ်။ ခင်မောင်တိုးရဲ့ “ငှက်တို့ရဲ့ သဘာဝ”။ ဆရာဒီရဲ ကဗျာမူရင်းအတိုင်း စာသားမပြင်ဘဲ ကိုရဲလွင်က သံစဉ်ထည့်ပေးထားတာ။ ထုံးစံအတိုင်း မဇ္ဈိမလှိုင်းနဲ့ပေါ့။ တေးသွားကို ပြန်လည် နားဆင်ရင်း ကဗျာကို…

  • Myanmar Poem,  Pāḷi,  Photo,  Poetry,  Translation

    ပန်ဒိုရာ-သုံးဆယ့်တစ် (ပါဠိ)

    ဇီဝနဲ့ Sapiensကို ဆက်စပ်တွေးမိတဲ့အခါ “ပါဏောတိ စေတ္ထ ဝေါဟာရတော သတ္တော, ပရမတ္ထတော ဇီဝိတိန္ဒြိယံ”လို့ ပိဋကတ်မှာ ဆိုထားတာကို သတိရတယ်။ ဇီဝိတိန္ဒြေကို ကဗျာဆန်ဆန် အသက်သွင်းနိုင်ဖို့ ခေတ်သစ်ကဗျာတစ်ပုဒ်ကို ပါဠိဘာသာပြန်ဖြစ်တယ်။ ပန်ဒိုရာရဲ့  သုံးဆယ့်တစ်ပုံအစုအဝေး ကဗျာတွေထဲက နောက်ဆုံးတစ်ပုဒ်ပါ။ သီတလခုဒ္ဒဇာလာစလမာနာ သမ္ပဇ္ဇလိတာခုဒ္ဒပါဒတလံ ခုဒ္ဒဟတ္ထတလံကမ္မပစ္စယေန ဒုလ္လဘံဂဗ္ဘာသယေ ပဝါဟိတေ ပ္လဝနတောဧကမုခေန ရောဒနံ ဟသနံ ဘုဉ္ဇနံ ပိဝနံ ပန်ဒိုရာ၊ (၂၀၁၉)၊ သုံးဆယ့်တစ်ပုံအစုအဝေးနှင့် ဘလက်ကော်ဖီ၊ ရန်ကုန်၊ စိတ်ကူးချိုချို၊ နှာ ၄၁။ အေးမြမီးတောက်ငယ်လှုပ်လှုပ်ရွရွ တောက်လောင်နေခြေဖဝါးပေါက်စ လက်ဖဝါးပေါက်စကံကောင်းလို့ အကြောင်းတိုက်ဆိုင်သွားတဲ့ ဒုလ္လဘဝမ်းအိမ်ငယ်ရေပေါလော မျောထွက်လာမှပါးစပ်တစ်လုံးနဲ့ ငိုရရယ်ရ စားသောက်ရ။

  • Myanmar Poem,  Pāḷi,  Poetry,  Translation

    ဇော်ဂျီ-ရှိန်းဆာယာ (ပါဠိ)

    မန်းရွှေပြည်ရဲ့ သင်္ကြန်အခါဟာ မင်္ဂလာရှိစွာနဲ့ ကဗျာဆန်နေပါတယ်။ မန်းတောင်ရိပ်ခိုရင်း ဒီသင်္ကြန်တွင်းမှာ သတိတရ ကဗျာတစ်စုံကို ခံစားမိနေတာ။ အလွတ်ရတဲ့ ကဗျာတွေထဲမှာ ဒီကဗျာ တစ်စုံလည်း ပါတယ်။ ဒီကဗျာကို ပါဠိဘာသာပြန်ဖို့ စိတ်ကူးနေတာလည်း နှစ်အတော် ကြာခဲ့ပြီ။ ခုမှပဲ အကြောင်းညီညွတ်တော့တယ်။ ဧပြီလမှ မွေးဖွားခဲ့သူ ဆရာကြီးဇော်ဂျီ အမှတ်တရပါ။ ဒီကဗျာ ပါဠိဘာသာပြန်အတွက် လိုအပ်တဲ့ ဓာတ်ပုံမှာတော့ မန်းရွှေမြို့တော်ရဲ့ ကျုံးနံဘေး ၂၀၁၉ လမ်းလျှောက်သင်္ကြန်မှာ အလှဆင်ထားတဲ့ ရုပ်သေးရုပ်တွေထဲက ဇော်ဂျီပျံလေးကို သင်္ကြန်အကျ နေအတက်မှာ ရိုက်ထားတာပါ။ မန်းရွှေပြည်ရဲ့ သင်္ကြန်အခါဟာ မင်္ဂလာရှိစွာနဲ့ ကဗျာဆန်နေပါတယ်။ ပဉ္စလိကာနစ္စကလာယံ ဇောဂီ စ ယဋ္ဌိ လင်္ဃဟနံ ပက္ခန္ဒနံ တဿ ပကာရံ သောဟံ ပဿံ ကိလမိတော ၀တ သိဒ္ဓိဆာယာ မဟာနုဘာဝါ တိရောဘာဝူပဂမနိဒ္ဓိ သိဒ္ဓိဆာယာယ သောဟံ ဘီတော စိတ္တ၀ိဂမော အဟော သိဒ္ဓိဆာယာ အတိမဟာ ယဒါ တိရောဘာဝူပဂမနံ စိတ္တ၀ိဂမော ဆာယိကော ဒုဗ္ဗစ္စော ပဂဗ္ဘော သဒါ လောဘမာနေဟိ ယုတ္တော ဟိံသကော နိစ္စံ အနိစ္စံ တံ သမ္ပဇာနံ သတိကောဋ္ဌကဿ ဒဠှီကရဏေန စိတ္တ၀ိဂမော ၀ိပဿိတွာ ဂဟိတော ဘဝေ ကလ္လံ နူန ၀ီမံသနံ။ ဇော်ဂျီနှင့် ရှိန်းဆာယာ +++ ရုပ်သေးစင်ပေါ် ဇော်ဂျီနှင့် တောင်ဝှေး အခုန်အပျံနှင့် သူ့ဟန်ကို သည်ဖေကြည့် မောမိသည်လေး ရှိန်းဆာယာ ပိုမောက် ကိုယ်ပျောက်သည့် တန်ခိုး ရှိန်းဆာယာ သည်ဖေကြောက် စိတ်ပျောက်မှာ စိုး စမ်းကြည့်ဖို့ပဲ +++ ရှိန်းဆာယာ ပိုမောက်…

  • Memo,  Myanmar Poem,  Pāḷi,  Poetry,  Translation

    မောင်အောင်ပွင့်-မြစ်ဆိပ် (ပါဠိ)

    ကဗ်ာဆိုတာ ဘာလဲ။ ဘယ္သူ သိမလဲ။ အဖွဲ့အသီ အဆက်အစပ် အရေးအသား အသုံးအနှုံးတွေနဲ့ အပြုအမူ အလုံးအထည် အရောင်အဆင်း အရိပ်အငွေ့တွေကို ပေါ်လွင်စေဖို့ ဖန်တီးရတာမျိုးပါ။ ဒါတွေကို နားလည်ဖို့ထက် ဒါမျိုးတွေ ဖန်တီးနိုင်စွမ်းရည်ကို အလေးအမြတ် ခံစားနိုင်ဖို့ လိုမှာပါ။ ဒီနေ့တော့ အမှတ်တရ ကဗျာတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်တယ် Onlineပေါ်မှာ ကဗျာက version ၂မျိုး ဖြစ်နေတာမို့ ၂မျိုးလုံး ဘာသာပြန်ကြည့်မိတယ်။ မောင်အောင်ပွင့်ရဲ့ “မြစ်ဆိပ်”ပါ။ ကဗျာဆရာတစ်ယောက် “ပါရင်္ဂတ” တဖက်ကမ်းကို အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးမိပါတယ်။ ဂေါဏာ ပန တဿ ဥပရိပဒံ အက္ကမန္တာ အဟံ ဂေါဏာနံ ဥပရိပါဒပဒါနိ အက္ကမန္တော ဂေါဏာပိ မေ ပဒံ ပုန အက္ကမန္တာ တဒဟုမဇ္ဈနှိကေ ရဇာကိဏ္ဏာ နဒီတီရံ ဩတရန္တာ မနုေဿာ နု ခေါ ပုဗ္ဗင်္ဂမော ဂေါဏာ နု ခေါ ပုဗ္ဗင်္ဂမာ… ပတောဒံ နိဿာယ ပဋိက္ကမန္တော ပစ္ဆတော ဥပရိတီရေ တဿ ပဋိရူပံ အဝိသဒံ ဟိတွာ ပဘာသယံ ဇိဏ္ဏဘာဝေါ သီဃတရော…။ တခင်္ဏေ သောပိ ဂေါဏာ ဝိယ ပါနိံ ပိဝတိယေဝ…။ ===+++=== နွား တွေက သူ့ ခြေရာပေါ် နင်း ငါက နွားခြေရာတွေပေါ် တက်နင်း နွားတွေက ငါ့ခြေရာကို ပြန်နင်းတက် အဲဒီ နေ့ခင်းက ဖုန်တထောင်းထောင်းထဲ မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတာ လူက ဦးဆောင်တာလား နွားတွေက ဦးဆောင်တာလား …။ နှင်တံကို ထောက်မှီလို့ နောက်ရို့ရပ်ကျန်ခဲ့တဲ့ ကမ်းပေါ်က သူ့ရုပ်ပုံ…


    တင်မိုး-မစ္ဆရိယ (ပါဠိ)

    တခါတရံ ကဗျာတွေ ဖတ်တယ်။ တခါတရံ သီချင်းတွေ နားထောင်တယ်။ တခါတရံ ကဗျာတွေ သီချင်းတွေ  ပါဠိဘာသာပြန်တယ်။ ဒီတစ်ခါတော့ ကဗျာလည်း ဖြစ် သီချင်းလည်းဖြစ်တဲ့ “မစ္ဆရိယ”ကို ပါဠိဘာသာပြန်ဖြစ်တယ်။ ၁၉၉၃ခုထွက် “အတ္တစိတ်ကူး” တေးစီးရီးထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး ရေးသူက စိုးအာကာလို့ စိုင်းထီးဆိုင် ကိုယ်တိုင် ပြောထားတာ ကြားရပါတယ် (https://youtu.be/1PQiSRqV6y8)။ ဆရာဝင်းဖေကတော့ ဆရာတင်မိုး ရေးထားတဲ့ ကဗျာလို့ ဆိုပါတယ် (https://youtu.be/WvBWKzl5oas)။  တင်မိုးရဲ့ ကဗျာကို စိုင်းထီးဆိုင် သီဆိုထားတာလို့ပဲ မှတ်ထားလိုက်တော့တယ်။ ယဿ ပုဂ္ဂလဿ ဣဒံ မစ္ဆရိယံ အပ္ပဟီနံ၊ အယံ ဝုစ္စတိ ပုဂ္ဂလော ‘‘မစ္ဆရီ’’လို့ ဒေသနာမှာ ဆိုတယ်။ အနည်းဆုံး တဒင်္ဂပဟာန်ဖြစ်ဖြစ် ဝိက္ခမ္ဘနပဟာန်ဖြစ်ဖြစ် မပယ်ရှားနိုင်သရွေ့တော့ မစ္ဆရီ..ဖြစ်နေဆဲပေါ့။ ခုလည်း မစ္ဆရိယဓာတ်ခံလေးနဲ့ မစ္ဆရိယသီချင်းကို ခံစားကြည့်မိတယ်။ ပရမတ္ထဆိုက်လိုဆိုက်ငြားပေါ့။ ရတ္တိယံ ပုဏ္ဏစန္ဒော နိသာနာထေန အဟံ ပယောဇယံ အဘိဘဝတုကာမော မစ္ဆရိယေဟိ ထဒ္ဓေါ အတ္တဗဒ္ဓနာဗဒ္ဓစိတ္တသ္မိံ ဟဒယကဋုကေ အန္တောအဂ္ဂိနာ ပဇ္ဇလိတော . ကာဠဝလာဟကန္တရေ တုဟိနေန အာဝုတာ တဏ္ဍုလဘယတဇ္ဇိတာ ဝိပရိဏတာ ဧကာ ရတ္တိ . ပုပ္ဖေ ဝိကသိတေ အမိလာတေ ပုပ္ဖိတေ အနတ္တမနော အဟံ နူန သုဂန္ဓော ဝိဒ္ဒေသနကမ္မကရဏံ ပရာဇယံ ပရာဇယေန ဘိယျော ဝိဒ္ဒေသနော သံသာရစက္ကံ . ခရတရံ သေဒဓာရာ ဇေဂုစ္ဆိတော ဒုဋ္ဌစိတ္တော အဇောတိတော တမောနဒ္ဓေါ အာဝဋော မေ ဘဝေါ . မစ္ဆရိယံ ဝဇ္ဇဗဟုလံ ဟိရိသင်္ကေတံ မစ္ဆရိယံ ပုဏ္ဏစန္ဒေ…


    အမြီးအမောက် အလွဲ

    ၁၇/၀၇/၁၇နေ့မှာ ဖတ်မိတဲ့ ကဗျာတစ်ပုဒ်က ရိုးသလိုလိုနဲ့ ဆန်းနေတာ။ ဒါနဲ့ပဲ ပါဠိဘာသာပြန်ဖြစ်တယ်။ မင်းကိုနိုင်ရဲ့ ကဗျာပါ။ ခေါင်းစဉ်တော့ မတွေ့မိဘူး။ “အမြီးအမောက် အလွဲ”လို့ပဲ အမည်ပေးချင်မိတယ်။ တခါတလေတော့လဲ ကြောင်တတ်တာပါပဲ…။ ===+++=== နိလီနပရိယေသနကီဠာယံ နိစ္စမေဝ အာဝိဘူတော မုဒုဗိဠာရဿ ဝါလဓိ၊ ကသ္မာ တဿ မာတုယာ ဒိဋ္ဌောပိ အဒိဋ္ဌော ဝိယ၊ . ကီဠာသု ဟိ ယေန အတိဝိယ ဇိတံ၊ န စ သောပိ ပမုဒိတော။ ယော ပန တုဋ္ဌပမုဒိတော၊ သောဝ ဇိတဝါ။ ===+++=== တူပုန်းတိုင်း အမြီးအမြဲပေါ်နေတဲ့ ကြောင်ကလေး ဘာကြောင့် သူ့အမေက မမြင်ယောင်ဆောင်ပေး……။ . ကစားပွဲတွေမှာ “ အနိုင်ဆုံးသူက ပျော်တာမဟုတ်၊ အပျော်ဆုံးသူက နိုင်တာ…။” (မင်းကိုနိုင်)

  • Memo,  Pāḷi Kabya,  Photo,  Translation

    လက်များနှင့် အတူ

    နတ္ထိblog ၁၀နှစ်ပြည့် အမှတ်တရ ရွှေစည်းခုံဘုရားကျောက်စာ ပါဠိဘာသာပြန် ဗဟုဇနာ ပုတ္တဒါရေဟိ မာတာပိတူဟိ ဝိပ္ပဝါသဂတာ၊ တေသံ ဒုက္ခံ နိရုဇ္ဈေယျာမိ။ တေသံ အဿုံ ပုဉ္ဆေယျာမိ။ မေ ဒက္ခိဏဟတ္ထေန အာမိသဘောဇနံ ဒဒေယျာမိ။ မေ ဝါမဟတ္ထေန နိဝါသနပါရုပနံ ဒဒေယျာမိ။ အဿာသေယျ ယထာ မာတာ ဒါရကံ ဥရန္တရေ၊ အဟဉ္စ ရဋ္ဌဇနံ အဿာသေယျာမိ။ ရွှေစည်းခုံကျောက်စာ ဘာသာပြန် များစွာသော သူတို့သည် သားတကွဲ မယားတကွဲ မိကွဲ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့။ ငါ၏ ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့။ “Of those torn from their dear ones, if those who were sick at heart, by a course of benefits, with water of compassion, with loving-kindness which is even as a hand, he shall wipe their tears, he shall wash away their snot . With his right hand rice and…

  • English Poem,  Photo,  Poetry,  Quote,  Translation

    ဘောင်ဘင်မခတ်တဲ့ အဋ္ဌုပ္ပတ္တိ

    ဒီနေ့မနက်စောစောမှာ ကြည့်လိုက်ရတဲ့ 63rd Miss Universe 2014 Live Showရဲ့ အရသာက ပေါ့ရွှတ်ရွှတ်ဖြစ်သွားတယ်။ အဲဒီပွဲ ကြည့်အပြီးမှာ ဖတ်လိုက်ရတဲ့ ကဗျာတစ်ပုဒ်ကြောင့်ပါ။ ပန်ဒိုရာရဲ့ “ကျွန်မတင်ပါးသို့ ဂါရဝ”မြန်မာဘာသာပြန်ကို အရင် ဖတ်မိတာ။ မူရင်းက Lucille Cliftonရဲ့ “homage to my hips”ပါ။ ထုံးစံအတိုင်း ကြုံကြိုက်လို့ ပါဠိဘာသာပြန်ဖြစ်တယ်။ ဘာသာပြန်ပြီးမှပဲ စဉ်းစားမိတယ်…။ ဒီကဗျာကို အဿာဒ၊ အာဒီနဝ၊ နိဿရဏ၊ ဖလ၊ ဥပါယ၊ အာဏတ္တိနဲ့ ဒေသနာဟာရထုတ်ကြည့်ရင် ကောင်းမလားလို့ …။ ဣမာနိ ဇဃနာနိ မဟန္တဇဃနာနိ တာနိ ဣစ္ဆန္တိ သြကာသံ အပရာပရံ သဉ္စာလေတုံ တာနိ န ယောဇန္တိ ထောကေသု အပ္ပကေသု ဌာနေသု။ ဣမာနိ ဇဃနာနိ ဝိမုတ္တဇဃနာနိ တာနိ န ရုစ္စန္တိ နိဝါရိတတ္တံ ဣမာနိ ဇဃနာနိ နေဝ ဒါသတ္တံ တာနိ ဂစ္ဆန္တိ၊ ယံ ယံ ဂန္တုကာမာနိ တာနိ ကရောန္တိ၊ ယံ ယံ ကတ္တုကာမာနိ ဣမာနိ ဇဃနာနိ အတိမဟန္တဇဃနာနိ ဣမာနိ ဇဃနာနိ ဣန္ဒဇာလဇဃနာနိ အဟံ သဉ္ဇာနိံ တာနိ ပရိဇပ္ပိတုံ မန္တံ ပုရိသေ အထ ဘမာပေတုံ တံ ဘမရိကံ ဝိယ [youtube https://www.youtube.com/watch?v=bh-Ipj4AKfc&w=420&h=315] homage to my hips By Lucille Clifton these hips are big hips they need space…

  • Memo,  Myanmar Poem,  Poetry

    Phoenixနှင်းဆီ

    ပါဠိဂါထာတွေ မရေးဖြစ်တာ အတော် ကြာနေပြီ။ ဆယ်စုနှစ် တစ်ခုစာလောက်ကို ကြာနေပြီ။ အရင်ကတော့ ဂါထာတွေ ဖွဲ့သီရရင် ပျော်နေတာ။ ခုနောက်ပိုင်းတော့ ဘယ်လိုဖြစ်တယ်မသိ။ သူများတွေ ရေးထားတဲ့ ကဗျာတွေ ပါဠိဘာသာပြန်ရတာကို ပိုသဘောကျလာတယ်။ နှစ်သက်မိတဲ့ သီချင်းတွေ ကဗျာတွေ အကြောင်းသင့်ရင် ဘာသာပြန်ဖြစ်တယ်။ ပါဠိစာပေက အငြိမ်လိုင်းဆိုတော့ အရမ်းလှုပ်နေတဲ့ စာပေဂီတတွေနဲ့တော့ တသားထည်း ပုံစံချလို့ မရဘူး။ တစ်ချို့ ကဗျာဂီတတွေက တည်ငြိမ်တယ်။ ဒါဆို ပါဠိဘာသာပြန်ဖို့ အတော် အဆင်ပြေတာ။ အခုလည်း ကဗျာတစ်ပုဒ် ဘာသာပြန်မိတယ်။ အမိကို တမ်းတနေတတ်တဲ့ အမိမြေကို လွမ်းလျနေတတ်တဲ့ သူတစ်ယောက်အနေနဲ့ အမိကို ဖွင့်ဟတိုင်တည်ချင်တဲ့ စကားလုံးတွေ အများကြီးထဲက သိပ်သည်းကျစ်လစ် ထိရောက်စွဲနစ်ဖွယ် “မိခင်၏ နှောင်ကြိုးတို့ကို ဖြေပါအံ့” အစချီတဲ့ ကဗျာစာသားလေးတွေကို နှစ်သက်မိတာ အမှန်ပါ။ ဖတ်မိတာတော့ ကြာပါပြီ။ အခုမှပဲ ဘာသာပြန်ဖြစ်တယ်။ အမှတ်တယပါ။ အမိ ငြိမ်းအေးပါစေ… အမိမြေ ငြိမ်းအေးပါစေ… မာတုယာ ဗန္ဓနာနိ ဝိနိဗ္ဗေဌေဿာမိ၊ တိဗ္ဗဝေဒနံ တိကိစ္ဆာပေဿာမိ၊ ဓီတုယာ ထာမဝီရိယေန အာဗာဓာ ဝုဋ္ဌာပေဿာမိ။ . ပေါသကဿ ဥပကာရံ အဇာနန္တာနံ တေသံ ဇာနနတ္ထာယ အနုနယဗလံ ဓီတုယာ ဒေဟိ။ . အာဂတာဂတေ အန္တရာယေ ဓီတာ န ဘာယာမိ။ . ဧကဘဝေ ဧကမေဝ မရဏံ၊ ယေန ကေနစိ ကာရဏေန မရဏပ္ပတ္တိ၊ အနစ္ဆရိယာ ဧသာ ဓီတုယာ။ . ဓီတုယာ သင်္ကပ္ပါ ယဒါ ပရိပူရိတာ၊ တဒါ တုမှေပိ ပမောဒထ။…