-
နတ္ထိရဲ့ အသောကကျောက်စာ
ဧ ကေစိ ဘန္တေ ဘဂ၀တာ ဗုဒ္ဓေန ဘာသိတေ သဝေ သေ သုဘာသိတေ ၀ါ ။ဧ စု ခေါ ဘန္တေ ဟမိယာယေ ဒိသေယာ ဟေ၀ံ သဓမ္မေ စိလဋ္ဌိတိကေ ဟောသတီတိ အလဟာမိ ဟကံ တံ ၀ါတဝေ။ဧတာနိ ဘန္တေ ဓမ္မပလိယာယာနိ ဣစ္ဆာမိ ကိံန္တိ ဗဟုကေ ဘိက္ခုပါယေ ဘိက္ခနိယေ စာ အဘိခိနံ သုနေယု စာ ဥပဓာလယေယု စာ ဧ၀မ္မေ၀ါ ဥပါသကာ စာ ဥပါသိကာ စာ ဧတေနိ ဘန္တေ ဣမံ လိခါပိယာမိ အဘိပေတံ မေ ဇာနန္တု။ “အရှင်ဘုရားတို့, မြတ်စွာဗုဒ္ဓ ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ကောင်းမွန်စွာ ဟောကြားတော်မူခဲ့ခြင်းပင် ဖြစ်ပါ၏။ဤသူတော်ကောင်းတရား ရှည်ကြာလေးမြင့်စွာ တည်တံ့နိုင်ရေးအတွက် အကြံပြုပါရစေ။ဤတရားတော်တို့ကို ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမတို့ အမြဲမပြတ် သင်ယူကျင့်ကြံကြရန် လိုအပ်နေပါ၏။အကျွနုပ်၏ ဆန္ဒကို အားလုံး သိကြစေရန် ဤကျောက်စာကို ရေးထိုးထားခြင်း ဖြစ်ပါ၏။” အသောကဘုရင်( ၂၇၃-၂၃၂ ဘီစီ ) နန်းစံနှစ် ၁၃နှစ်မြောက်တွင် ပြာကရိတ် ဘာသာစကား, ဗြဟ္မဏီ အက္ခရာကို အသုံးပြု၍ ရေးထိုးထားသော ဤကျောက်စာကို အိန္ဒိယနိုင်ငံ ရာဂျာစတန် ပြည်နယ် ဂျေပူခရိုင် ဘာဘရာမြို့အနီး ဘိုင်ရတ်ဒေသတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ အထက်ပါ ဖော်ပြချက်သည် ကောက်နှုတ်ချက်မျှသာ ဖြစ်ပါသည်။
-
နတ္ထိရဲ့ သင်္ကြန် ( ၃ )
နှစ်သစ်မဂ်လာ အခါသမယမှာ မြန်မာနိုင်ငံတော် အတွင်းအပြင်၌ နေထိုင်နေကြသော တိုင်းရင်းသူ တိုင်းရင်းသားများ အားလုံးနှင့် အနန္တသတ္တ၀ါ အားလုံး အပေါ် ဘေးရန်ခပ်သိမ်း ငြိမ်းအေးပါစေကြောင်း ဒေါသခပ်သိမ်း ငြိမ်းအေးပါစေကြောင်း ဆင်းရဲခပ်သိမ်း ငြိမ်းအေးပါစေကြောင်း ပူပင်ခပ်သိမ်း ငြိမ်းအေးပါစေကြောင်း မေတ္တာရေစင်များ ပက်ဖြန်းလျက် မြန်မာ့ယဉ်ကျေးမှု၏ အသည်းနှလုံးသဖွယ်ဖြစ်သော မေတ္တာသုတ် ပရိတ်တော်ကို ပူဇော်လိုက်ရပါတယ်။ ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။ယမှိ စေ၀ါ.နုယုဉ္စန္တော၊ ယတိန္ဒြိဝမတန္ဒိတော။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ဧ၀မာဒိဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ကရဏီယမတ္ထကုသလေန ၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ။ န စ ခုဒ္ဒမာစရေ ကဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာ ၀န၀သေသာ။ဒီဃာ ၀ါ ယေ၀ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ ၊ ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။ဘူတာ ၀ သမ္ဘဝေသီ…
-
နတ္ထိရဲ့ သင်္ကြန် ( ၂ )
နှစ်သစ်မင်္ဂလာ အခါသမယမှာ မြန်မာပြည်သူ ပြည်သားများနှင့် ကမ္ဘာပေါ်တွင် ရှိရှိသမျှ အနန္တသတ္တ၀ါ အားလုံး ရောဂါဘယဘေး အန္တရယ်, ဆင်းရဲမွဲတေ ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တရယ်, လက်နက်စစ်မက် ဘေးအန္တရယ်တို့မှ လွတ်မြောက် ပါစေကြောင်း ဆုမွန်ကောင်း တောင်းဆုခြွေလျက် မြန်မာ့ ယဉ်ကျေးမှု၏ အထွတ်အထိပ်ဖြစ်သော ရတနာမြတ် သုံးပါးကို ဦးထိပ် ပန်ဆင်သည့် အနေဖြင့် ရတနသုတ် ပရိတ်တော်ကို ပူဇော်လိုက်ရပါတယ်…။ ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော ဒသ ဥပပါရမိယော ဒသ ပရမတ္ထပါရိယောတိ သမတ္တိံသ ပါရမိယော ပဉ္စ မဟာပရိစာဂေ ဉာတ္ထစရိယံ လောကတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ တိေဿာ စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါကန္တိံ ဇာတိံ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လကေ မာရ၀ိဇယံ သဗ္ဗုတဉာဏပရိဝေဒံ ဓမ္မစက္ကပ၀တ္တနံ န၀လောကကုတ္တရဓမ္မေတိ သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယံ တီသု.ပါကရန္တရေသု တိယာမရတ္တိံ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒတ္ထေရောဝိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ.. ကောဋိသတသဟေဿသု၊ စက္ကာဝါဠေသု ဒေ၀တာ။ယဿ နံ ပဋိဂဏှန္တု၊ ယဉ္စ ဝေသာလိယံ ပုရေ။ရောဂါမနုဿဒုဘိက္ခ၊ သမ္ဘူတံ တိဝိဓံ ဘယံ။ခိပ္ပ.မန္တရဓာပေသိ၊ပရိတ္တံ တံ ဘဏာမ ဟေ။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။သဗ္ဗေ၀ ဘူတာ သုမနာ ဘ၀န္တု၊ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊ မေတ္တံ ကရောထ…
-
နတ္ထိရဲ့ သင်္ကြန် ( ၁ )
နှစ်သစ်မင်္ဂလာ အခါသမယမှာ အန္တရယ်ကင်း ရန်စွယ်ကင်းပြီး ကောင်းမှုမင်္ဂလာ ဖြစ်ပါစေရန် ရည်သန်တောင့်တ၍ မြန်မာ့ယဉ်ကျေးမှု စတင်မြစ်ဖျားခံရာ မင်္ဂလာသုတ် ပရိတ်တော်ကို ပူဇော်လိုက်ရပါတယ်။ သတ္တ၀ါအပေါင်း ကောင်းကျိုးမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေ…။ သမန္တာ စက္က၀ါဠေသ၊ု အတြာဂစ္ဆန္တု ဒေ၀တာ။သဓမ္မံ မုနိရာဇဿ၊ သုဏန္တု သက္ကမောက္ခဒံ။ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ။သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ။ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။ ဧ၀ံ မေ သုတံ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။ ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလမုတ္တမံ။ အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ။ ပတိရူပဒေသ၀ါသော ပုဗ္ဗေ စ ကတပုညတာ။အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ။ ဗာဟုသစ္စဉ္စ…
-
နတ္ထိရဲ့ မွေးနေ့
(၁) နတ္ထိရဲ့ “န” မာတာ ဟိ ပုတ္တဿ ဗဟူပကာရာ၊တသ္မာ ဂဝေသိံ ဣဓ ဧ၀ရူပံ။တဿာယ ဆာယာပိ မယာ န ဒိဋ္ဌာ။သာ ဂစ္ဆိ မေ စက္ခုပထံ ဇဟိတွာ။ အမေဆိုတာ သားအပေါ် အလွန် ကျေးဇူးများတာပါ။ဒါကြောင့် လောကကြီးထဲမှာ အမေ့ကို လိုက်လံရှာဖွေခဲ့တယ်။ဟင်…..အမေ့ အရိပ်ကလေးကိုတောင် ငါ မမြင်ခဲ့ရဘူး။အမေဟာ ငါ့မျက်စိအောက်က ပျောက်သွားခဲ့ပါပေါ့လား။ (၂) နတ္ထိရဲ့ “အတ္ထိ” ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊သြက္ကန္တနိဒ္ဒေါ.မှိ တမေ၀ သုတွာ။မာတာ ပ၀တ္တေသိ သုဂီတသဒ္ဒံ၊ပုတ္တဿ အန္တောဟဒယေ ၀သိတွာ။ ငါ့ကိုယ်ထဲမှာ သွေးစက်လေးတွေ တေးသီဆိုနေကြတယ်။အဲဒီ့ တေးသံကို နားဆင်ရင်းနဲ့ ငါ အိပ်ပျော်ရတာပါ။အော်…အမေဟာ ငါ့ရဲ့နှလုံးသားထဲမှာ နားခိုရင်းနဲ့သံစဉ်လှလှလေးတွေ ဖန်တီးနေလေရဲ့…။ မှတ်ချက်။ ။ “န” ဆိုတဲ့ ပါဠိဟာ မြန်မာလို “မ”နဲ့ တူပါတယ်။ “အတ္ထိ”ကတော့ “ရှိ” နဲ့ တူတယ်။ “န” နဲ့ “အတ္ထိ” တို့ ပေါင်းလိုက်ရင် “နတ္ထိ” လို့ ဖြစ်ပါတယ်။ ဒီပါဠိစာလုံးလေးတွေနဲ့ နာမည်ပေးထားတဲ့ ဒီပါဠိကဗျာလေးတွေကို အမေ့ကို မတွေ့ဖူးတဲ့, အမေ့ကို လွမ်းလျ တမ်းတနေတဲ့ သားတစ်ယောက်က ရေးဖွဲ့ ထားတာပါ။ ဟုတ်တယ်ဗျာ…အမေနဲ့ ဝေးတာ ၃၃နှစ်တောင် ရှိခဲ့ပါပြီ။ အမေရေ… သား ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေကို အမေ့အတွက် အမျှ ပေးဝေပါတယ်။ အမေ…ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာပါစေ…။
-
နတ္ထိရဲ့ မိဘ ( ၁၂ )
ဝရညူ ဒေ၀လောကေ ယော၊ ၀ဏ္ဏေန္တော ပ၀ရံ ဓမ္မံ။ ၀ဿံ ၀ုဋ္ဌော ၀ရာစာရော၊ ၀န္ဒေ ဂရုဝရံ ဗုဒ္ဓံ။ တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူလျက် အဘိဓမ္မာဒေသနာကို ဟောကြားတော်မူသော သဗ္ဗညုတ မြတ်စွာဗုဒ္ဓကို ရိုသေမြတ်နိုး ရှိခိုးပါ၏။ ၈-၄-၀၇ မွေးနေ့ အမှတ်တရ
-
နတ္ထိရဲ့ မိဘ ( ၁၁ )
ပုတ္တပေမံ ဆ၀ိံ ဆိန္ဒတိ၊ ဆ၀ိံ ဆေတွာ စမ္မံ ဆိန္ဒတိ၊ စမ္မံ ဆေတွာ မံသံ ဆိန္ဒတိ၊ မံသံ ဆေတွာ နှာရုံ ဆိန္ဒတိ၊ နှာရုံ ဆေတွာ အဋ္ဌိံ ဆိန္ဒတိ၊ အဋ္ဌိံ ဆေတွာ အဋ္ဌိမိဉ္ဇံ အာဟစ္စ တိဋ္ဌတိ။ သားသမီးတို့ကို မိဘတို့၏ ချစ်ခြင်းသည် အရေပါး, အရေထူ, အသား, အကြော, အရိုးတို့ကို ဖောက်ပြီးလျှင် ရိုးတွင်းခြင်ဆီကို စွဲ၍ တည်၏။ ၈-၄-၀၇ မွေးနေ့ အမှတ်တရ
-
နတ္ထိရဲ့ မိဘ ( ၁၀ )
သပ္ပုရိသော ဥဠာရေ ဘောဂေ လဘိတွာ မာတာပိတရော သုခေတိ ပီဏေတိ။ တဿ တေ ဘောဂေ ဧ၀ံ သမ္မာ ပရိဘုဉ္ဇိယမာနေ နေ၀ ရာဇာနော ဟရန္တိ န စောရာ ဟရန္တိ န အဂ္ဂိ ဟရန္တိ န ဥဒကံ ၀ဟတိ န အပ္ပိယာ ဒါယာဒါ ဟရန္တိ။ ဧ၀ံသ တေ ဘောဂါ ပရိဘုဉ္ဇမာနာ ပရိဘောဂံ ဂစ္ဆန္တိ။ နော ပရိက္ခယံ။ သူတော်ကောင်းသည် ပစ္စည်းဥစ္စာ ရရှိလာသည့်အခါ မိဘတို့ကို ချမ်းချမ်းသာသာ ဖြစ်အောင် ဆောင်ရွက်ပေး၏။ ပစ္စည်းဥစ္စာတို့ကို ထိုကဲ့သို့ သုံးစွဲသောအခါ ရန်သူမျိုး ငါးပါးတို့ မနှောင့်ယှက် မဖျက်ဆီးနိုင်ပေ။ ထို ပစ္စည်းဥစ္စာတို့ကို သုံးစွဲသော်လည်း အသုံးအဆောင်သာ ဖြစ်လေ၏။ ကုန်ခမ်းခြင်းသို့ မရောက်ပေ။ ၈-၄-၀၇ မွေးနေ့ အမှတ်တရ
-
နတ္ထိရဲ့ မိဘ ( ၉ )
မာတရိ ပိတရိ စာပိ ၊ ယော မိစ္ဆာ ပဋိပဇ္ဇတိ။ဗဟုဉ္စ သော ပသ၀တိ၊ အပုညံ တာဒိသော နရော။တာယ အဓမ္မစရိယာယ၊ မာတာပိတူသု ပဏ္ဍိတာ။ဣဒေ၀ နံ ဂရဟန္တိ၊ ပစ္ဆာပါယဉ္စ ဂစ္ဆတိ။ အမိ အဖတို့အပေါ် ယုတ်ညံ့စွာ ပြုကျင့်သော သူသည်များစွာသော မကောင်းမှုကို ပွားများသူ ဖြစ်၏။ထိုသို့ မကောင်းသော အကျင့်ကြောင့်ထိုသူ့ကို ပညာရှိတို့သည် ပစ္စက္ခတ်မှာပင် ကဲ့ရဲ့ကြ၏။နောင်တွင်လည်း ချမ်းသာခြင်းမှ ဝေးရာသို့ ရောက်လေတော့၏။ ၈-၄-၀၇ မွေးနေ့ အမှတ်တရ
-
နတ္ထိရဲ့ မိဘ ( ၈ )
မာတာပိတူနံ ဥပဋ္ဌာနံ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ။ “မိဘတို့ကို ပြုစုလုပ်ကျွေးခြင်း”ကို ပညာရှိသူတော်ကောင်းများ ချီးမွမ်းကြ၏။ ၈-၄-၀၇ မွေးနေ့ အမှတ်တရ